Part - {34}

2.3K 299 57
                                    

ကံကောင်းစွာနဲ့ မနက်ဖြန်က ‌ပိတ်ရက်ဖြစ်နေလို့။ ဒီနေ့‌လို ရူဒယ်ရဲ့ စိတ်ပင်ပန်းစရာ မျက်နှာကြီး မမြင်ရဘူးလို့ တွေးမိတာနဲ့တင် စိတ်ချမ်းသာနေရောပဲ။ ကျွန်တော့်လက်မောင်းထဲမှာ အိပ်နေတဲ့ အီဗန်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်တယ်။ ကလေးတစ်ယောက်လို နွေးထွေးတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ကျွန်တော့် မျက်လုံးတွေက တစ်ဖန် ပြန်မှေးစင်းလာတယ်။

ဒီနေ့နောက်ကျောအခြေအနေက မနေ့ကထက် သက်သာနေပြီ။ ခရမ်းပြာရောင်အညိုအမည်းတွေက မပြောင်းလဲပေမဲ့ မနေ့က အဖြစ်အပျက်ကို စဉ်းစားမိရင် ဒါတွေက ဘာမှမဟုတ်တော့ဘူး။ စိတ်ထဲမှာ အီဗန်ရဲ့ ချစ်စကားတွေပဲ ထပ်ခါတလဲလဲ ပြန်ကြားနေရတယ်။ စိတ်ထဲမှာ စွဲနေပြီ။

ဒီနေ့က အီဗန်ကို ဖွင့်ပြောပြီးကတည်းကဆိုရင် ပထမဆုံးပိတ်ရက်ပဲ။ အဲ့တော့ ဘယ်နေရာကို သွားလည်သင့်လဲ? အခုဆို တရားဝင်ဒိတ်အဖြစ် ပြောလို့ရပြီမလား? ကျွန်တော် တကယ်တော့လေ ဒီလိုလုပ်မနေသင့်ဘူး။ ရူဒယ်ရှားဘတ်ကို ဘယ်လိုရှင်းပစ်ရမလဲဆိုပြီး နည်းလမ်းရှာရမှာ၊ ဒါပေမဲ့  ဖြစ်ပြီးတာတွေကို ပြန်ပြောနေသင့်တယ်တော့ မထင်ဘူးနော်။

ဆဲလ်ဖုန်းကို ထုတ်ပြီး ချိန်းတွေ့ဖို့နေရာတွေ ရှာနေပေမဲ့ အီဗန် ကျွန်တော့်လက်မောင်းတွေကြားကနေ လူးလှိမ့်လာတာကြောင့် ချက်ချင်းရပ်လိုက်တယ်။ အိုး ဘုရားရေ။ အရမ်းချစ်ဖို့ကောင်းတာပဲ။ နတ်သားလေးတစ်ပါး အိပ်ပျော်နေတာနဲ့တောင် တူသေးတယ်။ ကျွန်တော့်အတွေးထဲ အီဗန်ကို ဖော်ပြဖို့ စကားလုံးလှလှလေး ရာချီပြီး ပေါ်လာတယ်။ ကျွန်တော်က အဲ့ဒီ့လို ကဗျာဆန်တတ်တဲ့သူမှန်း သိတာ ဒါပထမဆုံးအကြိမ်ပဲ။

"ဝါး ဟေးလ်"

အီဗန်က သူ့မျက်လုံးတွေ ပွတ်ရင်း နိုးလာတယ်။ ဘာလို့ဆို ကျွန်တော်မထိန်းနိုင်ပဲ သူ့ခြေထောက်ကို ဖိမိသွားလို့လေ။ နိုးလာတဲ့အီဗန်ကလည်း လှလွန်းတယ်။ အရင်တုန်းကတည်း ကျွန်တော် မြင်နေကြပုံစံဆိုပေမဲ့ ဒီနေ့ကျမှ ပိုပြီးတောင် လှလာတာ။ အီဗန်က ချစ်ဖို့ကောင်းအောင် တအီအီနဲ့ ပြုမူနေရင်း သူ့ခေါင်းကို ကျွန်တော့်ဆီ မှီလာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now