Part - {41}

1.9K 266 9
                                    

“ငါတို့ ဒီညစာ အတူတူ စားနိုင်မယ် မထင်ဘူး။”

ဒါပေါ့၊ ကျွန်တော်က ညစာအတူတူ သွားစားဖြစ်မယ်လို့ ထင်ထားတော့ နည်းနည်း အံ့သြသွားတယ်။ သူက နေမကောင်းပုံလည်း မရတော့ ကျွန်တော်ပိုလို့တောင် ကြောင်သွားရတာပေါ့။

“ဘာလို့လဲ?”

“ငါ အစီရင်ခံစာတစ်ခု ရေးပေးရမှာလေ၊ ငါအစောက ပြောတဲ့ဟာ။”

“မင်းဗိုက်ဆာနေရင် ဗိုက်နာလာမှာပေါ့”

“ရပါတယ်။ အရင်စားနှင့်”

အီဗန်က ပြုံးလိုက်ရင်း ကျွန်တော့်နောက်ကျောကို ပုတ်လိုက်တယ်။ ကြည့်ရတာ သူတကယ် ဘာမှမစားတော့ဘဲ အလုပ်လုပ်တော့မဲ့ပုံပဲ။ အဲ့ဒီ့ ခြေလက်သွယ်သွယ်လေးတွေကို မြင်ရတာ ကျွန်တော်စိတ်မချမ်းသာဘူး။ ဒါပေမဲ့ အီဗန်က ခေါင်းယမ်းနေတုန်းပဲ။ သူက ခေါင်းမာမာနဲ့ကို ငြင်းနေတော့ ဆက်ပြီး မေးနေလည်း အပိုတွေဖြစ်ကုန်ရော။ ကျွန်တော့်ကိုသာ ကောင်းကောင်းစားလာခဲ့ဖို့ ပြောနေတဲ့ အီဗန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲကနေ မကျေမနပ် ထွက်လာလိုက်တယ်။ သူ့ခန္ဓာကိုယ် ပိန်သွယ်သွယ်လေးက ဆက်တိုက်ဖျော့တော့နေတုန်းပဲ။

***

“ဟေး မင်းအစားအစာကို ဒီပုံစံနဲ့ပဲ စားနေမှာဆိုရင် စားမနေနဲ့ကွာ”

ကာမန်က စိတ်ပေါက်ပေါက်နဲ့ အသားတုံးကို ခက်ရင်းနဲ့ ထိုးစိုက်လိုက်တယ်။ ခက်ရင်းနဲ့ ထိုးလိုက်တဲ့အတွက် အသားကင်(steak)ဆီကနေ သွေးတွေ စိမ့်ထွက်လာတယ်။
(T/N : ကြည့်ရတာ steakက medium rawလောက်နေမယ်။ သွေးတွေပါ ထွက်လာတာဆိုတော့ -_-)

“အီဗန်က ဘာမှ မစားရလောက်သေးဘူး”

ဟေးလ်က တဖွဖွရွတ်လိုက်ပြီး အသားကို ထပ်လှီးဖြတ်နေပြန်တယ်။ အီဗန်က ကျွန်တော် အိပ်ပျော်သွားအောင်လို့ ဆိုပြီး တစ်ညလုံး ကျွန်တော့်ခေါင်းကို ပွတ်ပေးနေခဲ့တာ၊ အဲ့တာကြောင့် သူ့လက်မောင်းတွေဆို ကိုက်ခဲနေမှာ၊ သူ့ခမျာ ဘာမှတောင် မစားရဘဲ ကျွန်တော်နဲ့ ရှုပ်နေရတဲ့အကြောင်း တွေးမိလိုက်ရင် စိတ်ထဲမကောင်းဘူး။

“အိုး တကယ်ပါပဲ! မင်း အဲ့လောက် စိတ်ပူနေပြီး မစားနိုင်ဘူးဆိုရင် ငါ့ကိုပေး။ ငါအကုန် စားပစ်မယ်!”

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now