Part - {60}

1.4K 161 3
                                    

ကျွန်တော် အမြန်ပဲ စားပွဲပေါ်က နှင်းဆီနီကို ယူလိုက်တယ်။ ကျွန်တော့်လက်မှာ အားပါသွားတဲ့အတွက် ပွင့်ချပ်အချို့တောင် ကြေကုန်တယ်။

“ပန်းတွေ အများကြီးဖြစ်နေရင် တော်တော် ဒုက္ခများလာမှာ၊ ပြီးရင် သိမ်းထားဖို့ကလည်း ခက်တယ်လေ။ အဲဒါကြောင့် ပန်းတွေက ဒီလောက်ဆိုရင်ပဲ လုံလောက်ပြီ!”

“အိုကေ? အဲလိုဆိုရင်တော့ ငါပျော်ရတာပေါ့ ဟေးလ်”

အီဗန့်မျက်နှာပေါ်မှာ အပြုံးတွေ ပြန်ပေါ်လာတယ်။

“ငါက ဟေးလ် ငါ့ကို ကြောက်သွားပြန်ပြီလို့ ထင်သွားတာ”

အပြုံးက နည်းနည်း တောင့်ခဲသွားပြီး အသံကလည်း နဂိုထက် တိုးလျသွားတယ်။

“ငါ အဲဒီ့လို လုပ်လို့ မရဘူး။ ဟေးလ်က ငါ့ကို ကြောက်လို့ ငိုနေတာဆိုရင် ငါ…”

အီဗန် ဘာကို ရေရွတ်နေတာလဲ? စကားအဆုံးမှာ အသံက တိုးဝင်သွားတဲ့အတွက် ကောင်းကောင်းမကြားရဘူး။ အီဗန်ကလည်း သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာ သူပိတ်မိသွားသလိုမျိုး ငိုင်ကျသွားတယ်။ ဒီရက်တွေအတွင်း အီဗန် ဒီလို ခဏခဏဖြစ်တယ်။ အရင်က အဲဒီ့လိုမဖြစ်ဘူးလားလို့။ တစ်ခုခုများ မှားနေလို့လား?

“အာ”

အီဗန်က သူတစ်ခုခုကို သတိရလိုက်သလိုမျိုး ရေရွတ်လိုက်ပြီး ထရပ်လိုက်တယ်။ အဲဒီ့နောက် အီဗန်က အိပ်ခန်းထဲကို ဝင်သွားတယ်။ သိပ်မကြာခင်မှာပဲ လက်ထဲမှာ တက်ဒီဝက်ဝံရုပ်ကို ပွေ့ကိုင်လျက် ထွက်လာတယ်။

“ဘာလို့ အရုပ်က ရုတ်တရက်ကြီး …?”

“ငါ ချည်ထိုးလေ့ကျင့်နေတာလေ။ ဘယ်လိုလဲ?”

“အာ အာ။ အဆင်ပြေပါတယ်”

အီဗန်က ကို့ရို့ကားယားနဲ့ တက်ဒီရဲ့ ခေါင်းကို ပုတ်နေတော့ အမွှေးပွပွတွေက သပ်သပ်ရပ်ရပ်နဲ့ ပြားကပ်သွားတယ်။ ဘာကြောင့် သူက ရုတ်တရက်ကြီး ယူလာရတာလဲ? ဖြစ်ပျက်နေတာကို အမှီလိုက်ဖို့ ခက်ခဲနေပြီ။

“ရော့”

ရုတ်ချည်းဆိုသလို တက်ဒီက ကျွန်တော့်လက်ထဲ ရောက်လာတယ်။ ကျွန်တော် ကိုင်လိုက်တာနဲ့ တပြိုင်နက် အီဗန်ကပါ ကျွန်တော့်နား ရောက်နေပြီ။ လန်းဆန်းတဲ့ ရနံ့လေးက နွေးထွေးမှုနဲ့အတူ ပျံ့နှံ့နေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now