Part - {25}

2.4K 324 62
                                    

'ခင်ဗျား ဘာတွေပြောနေတာလဲ' တင်းကြပ်စွာ ဆုပ်ကိုင်ထားတာကြောင့် နာကျင်လာပြီး တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေထဲကနေ ညည်းသံတွေ ထွက်လာတယ်။ အဲ့ဒီ့နောက် ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ အားကလည်း ပိုကြီးလာတယ်။ ကျွန်တော် မျက်မှောင်ကြုံ့ထားလေလေ ရူဒယ်ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ အပြုံးက ပိုတောက်ပလာလေလေပဲ။

"ကိုယ်က တစ်စုံတစ်ယောက်ဆီမှာ နစ်မြောသွားပြီဆိုရင် သူ့ကိုပဲ မြင်တော့တဲ့ လူမျိုးပဲ"

"အဲ့ဒီ့တော့ အခု ကျွန်တော်တို့ ဘာလုပ်..."

အဓိပ္ပါယ်မရှိတဲ့ စကားမို့ တစ်ဝက်တစ်ပျက်နဲ့ပဲ ထွက်သွား‌တယ်။ ကျွန်တော် စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ရူဒယ်က သူ့အကြောင်း ဆက်ပြောနေတယ်။

"ရဖို့ခက်ခဲလေလေ ပိုပြီး ပူလောင်ပြင်းပြလာလေပဲလေ မဟုတ်ဘူးလား?"

ရူဒယ်က ရှင်းသန့်ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ ထူးဆန်းတာတွေ ပြောနေတယ်။ အီဗန်နဲ့ ပေးထားတဲ့ကတိကြောင့် ကျွန်တော်လျစ်လျူရှုပြီး ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ရူဒယ်နဲ့ ပိုပြီး ပတ်သက်လာရသလိုပဲ။ ကျွန်တော် ပိုးမွှားတစ်ကောင်လောက်တောင် မသတ်နိုင်ဘူး၊ ဒါပေမဲ့ သူက ကျောင်းဥက္ကဌရဲ့သားဖြစ်နေပြီး သူ့ကိုတစ်ခါလောက် ရိုက်ပစ်ဖို့ တွေးမိသေးတယ်။ ... ဟင့်အင်း။ အဲ့လိုသာဆို အီဗန်မုန်းသွားလိမ့်မယ်။

အိမ်ပြန်နေကြတဲ့ ကျောင်းသားတွေက သွေးလန့်ဖွယ်အငွေ့အသက်ကြောင့် ဒီဖက်ကို ရပ်ကြည့်ကုန်ကြတယ်။ အဲ့တာကြောင့် ရူဒယ်ကို အရင်လို တွန်းထုတ်လို့ မရဘူး။

"ကျွန်တော့်ကို လွှတ်"

ဖိခြေခံထားရသလိုမျိုး ထိန်းချုပ်ထားရတဲ့အသံက ကျွန်တော့်လည်ပင်းထဲကနေ ထွက်လာတယ်။ ရူဒယ်ကလည်း ကျောင်းသားတွေရဲ့ အကြည့်ကို ခံစားမိလိုက်ပြီး လက်ကို ညင်ညင်သာသာ လွှတ်ပေးတယ်။ မဟုတ်ဘူး၊ သူက တုံးအ,မနေဘူး။ လက်မလွှတ်ခင် ကျွန်တော့်လက်မောင်းရဲ့ အတွင်းဖက်ကို မြွေလိုလက်က ပုတ်ခတ်သွားသေးတာမို့ ကျွန်တော်တုန်တက်သွားသေးတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now