Part - {90}

915 80 0
                                    

ကျွန်တော် ဒီလောက်အထိ တွေးပြီးသွားတော့ ကျွန်တော့်လက်က အလိုအလျှောက် ရွေ့သွားတယ်။

“မသွားနဲ့”

အီဗန်က သူ့ခုံံကနေ မထသွားခင် သူ့အင်္ကျီကို သူ ဆွဲဖွလိုက်တယ်။ အညိုရောင် အရည်တွေက တားမရအောင် ပျံ့ကုန်ပြီ။

“မသွားနဲ့၊ ဒီမှာပဲ လဲလိုက်။”

“ဟေးလ် ငါ ဟေးလ် အဝတ်လဲဖို့ သွားယူမှာလေ၊ ငါ မလဲဘူး…”

အီဗန် စကားပြောလို့ မပြီးသေးခင်မှာပဲ၊ သူ့ကော်လံကို လှမ်းဆွဲလိုက်တယ်။ ကျွန်တော် ဒီလို လုပ်မယ်လို့ မထင်ထားတာမလို့ သူ့ခန္ဓာကိုယ်က ပါလာတယ်။ ယိုင်လာတဲ့ ကိုယ်ကို ကျွန်တော် ဆွဲဖက်ထားလိုက်ပြီး ဘုရားသခင်နား ကိုးကွယ် တိုင်တည်နေတဲ့ သူတော်စင်တစ်ပါးလို ဆွဲထားလိုက်တယ်။

“ငါ စိတ်ပူလို့ပါ။”

အဆုံးမှာတော့ ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ စကားသံကတင် ကျွန်တော့်ကို ရင်ပိုထိတ်သွားစေတယ်။ ကျွန်တော့်လက်က အီဗန့်ရှပ်အင်္ကျီကို ကော်လာကတင် ဆွဲထားမိတယ်။ အင်္ကျီတွေက ကြယ်သီးတွေတင် မကတော့ဘူး၊ ပြဲပါ ပြဲထွက်တော့မဲ့ အနေအထား ဖြစ်နေပြီ။ အီဗန်က ကျွန်တော့်ရဲ့ ရုတ်ချည်း လှုပ်ရှားမှုကြောင့် ကြောင်အ,သွားပုံရတယ်။

“ဟေးလ်?”

“…”

“ဟေးလ် စိတ်မပူပါနဲ့။ ငါက …”

အီဗန်က ကျွန်တော့်မျက်နှာကို ကြည့်ပြီး ဆက်မပြောနိုင်တော့ဘူး။ ပြုတ်ထွက်သွားသံနဲ့အတူ ကြယ်သီးတစ်လုံးက ကော်ဇောပေါ် ကျသွားတယ်။ အီဗန်က လှိမ့်ထွက်သွားတဲ့ ကြယ်သီးကို ကြောင်တောင်တောင်လေး လိုက်ကြည့်နေတယ်။ ပြီးတဲ့နောက် ကျွန်တော့်ကို ပြန်ကြည့်ပြန်တယ်။ မယုံကြည်နိုင်တဲ့ အကြည့်နဲ့အတူ အီဗန်က ကျွန်တော့်ကို မဟုတ်ဘဲ ကျွန်တော့်နောက်က တစ်စုံတစ်ခုကို ကြည့်နေသလိုမျိုး ဖြစ်လာတယ်။ အီဗန် အဲဒီ့လို ဖြစ်နေတုန်း ကျွန်တော် ထပ်ပြောလိုက်တယ်။

“ကျေးဇူးပြုပြီး။”

အချိန်အတော်ကြာ ဖွင့်မပြောနိုင်ခဲ့တဲ့ စိတ်က ပါးစပ်ကနေ လွတ်ထွက်သွားတယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော့်မှာ ဒီလို ညှိုးငယ်နေတဲ့ အသံ ရှိနေရတာလဲ? ကျွန်တော် မသိတဲ့ စိတ်ခံစားချက်တစ်ခုကို ဖော်ပြစရာ စကားလုံး မရှိတဲ့ စိတ်ခံစားချက်မျိုးလို့ သတ်မှတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်မှာ အပေါက်တစ်ခု ယိုစိမ့်နေသလိုမျိုး ကျွန်တော် အသိအမှတ် မပြုချင်တဲ့ ခံစားချက်တွေက တစ်ခုပြီးတစ်ခု ထွက်လာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now