Part - {51}

1.7K 200 19
                                    

“ဟေးလ်ဘာလို့ အရမ်းအံ့သြနေရတာလဲ? ငါက ဒီအတိုင်း ပြောလိုက်တာပါ”

အီဗန်က ကျွန်တော့်ဖက်ကို တစ်ကိုယ်လုံး လှည့်လာတယ်။ သူက ကျွန်တော့်နား ခြေတစ်လှမ်းတိုးလာပြီး လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသလိုမျိုး ကျွန်တော့်နား,နားမှာ တီးတိုးပြောလိုက်တယ်။

“ငါက မင်း ဟေးလ်ဗာဒီ မဟုတ်တောင် ဂရုစိုက်မနေပါဘူး”

အီဗန်က အဲ့တာကိုပါ ပြောလိုက်ပြီး နေရောင်နဲ့ လင်းလက်နေတဲ့ လမ်းပေါ် ရောက်သွားတော့တယ်။ ကျွန်တော့်ကိုပါ လှမ်းခေါ်နေရင်းပေါ့။ သူ့ပုံစံက ကျွန်တော့်ကိုပါ ဒီထဲက ထွက်လာဖို့ ပြောနေတယ် ထင်တယ်။

ဒါပေမဲ့ ကျွန်တော်အဆောက်အဦတွေရဲ့ အရိပ်ထဲကနေ မထွက်နိုင်သေးဘူး။ ကျွန်တော်က ဟေးလ်ဗာဒီမဟုတ်လည်း ကိစ္စမရှိဘူးဆိုတော့ ကျွန်တော်က ဟေးလ်ဗာဒီမဟုတ်မှန်း သူတို့သိနေသလိုပဲ။

စကားထာတစ်ခုကို ဖြေရှင်းပြီးသွားတော့ နောက်တစ်ခု ပေါ်လာပြန်တယ်။ သွေးစတွေ စိမ့်နေတဲ့ ကျွန်တော့်လက်ကို ကြည့်လိုက်ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲကိုသာ ထိုးထည့်လိုက်တော့တယ်။ ကျွန်တော် အရိပ်ထဲကနေ ခြေတစ်လှမ်း လှမ်းထွက်လိုက်ပြီး နေရောင်နဲ့ ကျွန်တော့်ခြေထောက်နဲ့လည်း ထိရော စကားတစ်ခွန်းကို ကြားလိုက်ရတယ်။

“ဘာလို့ဆို ငါက ဘယ်သူ့ကိုမှ လက်လွှတ်ပေးဖို့ အစီအစဥ် မရှိလို့”

***
အချိန်တွေက တားမရစွာ ကုန်ဆုံးလာပြီးနောက် အားလပ်ရက်လည်း ရောက်လာခဲ့တယ်။ ဒီအချိန်ကို စောင့်နေခဲ့ရတဲ့ ကျောင်းသားတွေ ပျော်ရွှင်စွာ အော်ဟစ်နေသံကိုလည်း သိပ်ပြီး အားမရနေပါဘူး။ တောင်တစ်တောင်ပြီးရင် နောက်ထပ် တောင်တစ်တောင်လာမှာပဲလေ။ အခုလိုပေါ့။

အီဗန့်အိမ်ရှိရာကို ဦးတည်နေတဲ့ ကားပေါ်မှာ ကျွန်တော် ရောက်နေတာ။ ကျွန်တော့်ကို တုန်လှုပ်အောင် လုပ်ထားပေမဲ့ အီဗန်ကကျ တည်တည်ငြိမ်ငြိမ်ပဲ။ ကျွန်တော့်ဖက်ကို အေးအေးဆေးဆေး မှီနေပြီး ကျွန်တော့်ဆံပင်တွေနဲ့ ဆော့ကစားနေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now