💜 Extra အပိုဆု 13 💜END

61.9K 4.6K 627
                                    

( Unicode )

ဆေးရုံကပေးထားတဲ့ နှိုင်း မွေးဖွားရက်ချိန်းတစ်ပတ်အလို ၊ ပါရဂူကြီးတွေဟာ နှိုင်းရဲ့ကိုယ်ဝန်ကြောင့် ကျန်တစ်ပတ်မှာ ဆေးရုံမှာကြိုတင်၍လာနေစေချင်သည်။ ထို့အတူ Demon နဲ့ ဦးဇိုင်းမိသားစုကလဲ ထိုသို့ဆုံးဖြတ်ပေမယ့် ဆေးရုံမှာ ရက်အတော်ကြာနေရမှာကိုမကြိုက်နှစ်သက်တဲ့ နှိုင်းလေး ဟာ လက်မခံခဲ့ပေ ။ ညဘက်တွေမှာ ခြေသလုံးရောင်ရမ်းကိုက်ခဲတတ်လွန်းလို့ Demon မှာ ညစဥ်ညတိုင်းနှိပ်ပေးလိုက်ရတာအမော။ ဒါ့အပြင် နှိုင်း တရေးနိုးတဲ့အချိန်တွေမှာ ဗိုက်ကမွေးခါနီးမို့အနာကြိုပြတာလားမသိ ရစ်ပြီးနာလာတတ်သည် ။

ဒါကြောင့် Demon ဟာ နှိုင်း ကို စိုးရိမ်လွန်းနေပြီမို့ ညဘက်တွေဆိုလျှင် မအိပ်တော့ချေ ။

" မောင်ရယ် ကိုယ်အဆင်ပြေပါတယ် အိပ်ပါနော်"

" ကိုကိုညတိုင်းဗိုက်နာလို့မအိပ်ရဘူးလေ အဲ့တာကို မောင်ကဘယ်လိုအိပ်ပျော်ပါ့မလဲ၊ ကိုကိုအိပ်ပါ မောင်ကိုစိတ်မပူနဲ့နော် "

" ဒါဆို အတူတူအိပ်မယ်လေ "

Demon ဟာ နှိုင်း ကို ငြင်းမရတဲ့အဆုံး နှိုင်း နံဘေးမှာဝင်လှဲအိပ်ကာ ဗိုက်ကလေးတွေဖွဖွပွတ်ပေးရင်းချော့သိပ်သည် ။ Demon ထိုသို့လုပ်ပေးတိုင်း ခဏအကြာမှာ အိပ်ပျော်သွားတတ်တဲ့နှိုင်းလေးဟာ အခုလဲအိပ်ပျော်လို့သွားပြီဖြစ်သည် ။ အဲ့တော့မှ Demon အိပ်နေရာမှ အသာလေးထကာ နှိုင်း အိပ်နေတဲ့အနေအထားကိုပိုလို့သက်တောင့်သက်သာဖြစ်စေရန် ပြုပြင်ပေးပြီး နံဘေးမှာထိုင်စောင့်နေတော့သည်။ ဒီရက်တွေမှာ မွေးဖွားရက်နီးလာပြီမို့ ဗိုက်ကအရင်ကလို သက်တောင့်သက်သာဖြစ်မနေ ၊ ဒါ့ကြောင့် ပါရဂူကြီးတွေရဲ့အကြံပေးချက်နဲ့ ဆေးရုံမှာနေရန်ပြောသော်လည်း ချစ်ရသူကလက်မခံတာကြောင့် Demon မှာ ဆက်မပြောရက်ပေ ။

" မောင်တို့ရဲ့ကလေးလေးကြောင့် ပင်ပန်းနေရပြီ၊ကျေးဇူးတင်ပါတယ်အချစ်ရယ် "

ပိဘိကလေးငယ်သဖွယ်အိပ်ပျော်နေတဲ့ချစ်ရသူရဲ့နှဖူးလေးကို အနမ်းပေးကာ Demon ရဲ့ တညတာကုန်ဆုံးသည် ။

နောက်တစ်နေ့မနက် နှိုင်း အိပ်ရာနိုးလာတဲ့အချိန် နံဘေးဆီကလူဆိုးလေးကိုအိပ်ရာစမ်းရင်းလိုက်ရှာမိသည်။ ထုံးစံအတိုင်းပင် စကားနားမထောင်တဲ့လူဆိုးလေးဟာ နှိုင်း နံဘေးမှာ သက်တောင့်သက်သာစွာအိပ်နေရမယ့်အစား နှိုင်းဗိုက်နားမှာ ခေါင်းလေးကပ်၍ နှိုင်း ခါးကိုဖက်ကာ ခြေရင်းမှာခွေခွေလေးအိပ်ပျော်လို့နေသည် ။ အနည်းငယ်ချိုင့်နေတဲ့မျက်တွင်းအောက်ကအမဲရောင်လှိုင်းကြောင့် ဒီရက်တွေမှာ နှိုင်း လူဆိုးလေးဘယ်လောက်စိတ်မချဖြစ်ပြီး အိပ်ရေးပျက်နေလဲဆိုတာသိသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now