💜 Extra - 5 💜

60.6K 6.4K 353
                                    

Unicode...
>>>>>>>>

.
.

နောက်တစ်နေ့မနက်တွင်....

' သားငယ်တို့ဘယ်သွားလည်ကျမယ်စိတ်ကူးလဲ '

' ပထမတော့သားတို့တစ်နေရာရာကိုခရီးထွက်ပြီးလည်မလို့စဥ်းစားပေမယ့် မောင်ကအဲ့လိုသွားမယ့်အစားမိသားစုနဲ့အချိန်ပိုကုန်ချင်တယ်ပြောလို့ ဒီမှာရှိတဲ့နေရာတစ်ချို့ပဲလိုက်ပို့လိုက်တော့မယ်daddy '

အမှန်တကယ်ပင် Demon ဟာ နှိုင်းမိသားစုလေးနဲ့ပဲပို၍အချိန်ကုန်ချင်သလို နှိုင်း ဟာလည်း အိမ်ကနေပြီးအပြန် Demon အမေဆီဝင်ရမှာမို့ကြားမှာအချိန်တွေမပုတ်စေချင်တာကြောင့်နှစ်ယောက်သားထိုသို့တိုင်ပင်ဖြစ်သည်။

' အဲ့လိုဆိုလဲကောင်းသားပဲ။သားကြီးနဲ့ပိစိလည်းဒီနေ့အချိန်အားတယ်ဆိုတော့ အတူတူသွားကြလေ သားကြီးကလိုက်ပို့ပေးလိုက် '

' ဟုတ်ကဲ့ Daddy..'

' နေရာစုံကောင်းကောင်းလည်ခဲ့နော် Christo အပြန်ကျရင်တော့ ညစာမစားခဲ့ကြနဲ့ ပါးပါးညစာကောင်းကောင်းလေးစီစဥ်ထားမယ် '

' ဟုတ်ကဲ့ပါးပါး '

Demon အတွက်အားလုံးနဲ့စကားပြောရာမှာစရောက်တဲ့နေတုန်းကထက်ပိုပြီးအဆင်ပြေလာပြီး သက်တောင့်သက်သာရှိလာသည်။ဒါ့အပြင် ဒီအိမ်ဟာမိသားစုအငွေ့သက်တွေနဲ့တကယ်ပင်နွေးထွေးလွန်းလှသည်။

ဘုရားသွားမယ်ဆိုတော့ Demon အတွက်အကိုကြဆီမှာ နှိုင်းကအဝတ်အစားသွားယူပေးနေသည်။

' မောင် ဒါလေးလဲလိုက် ပြီးရင်ကိုယ့်ဆီလာ ကိုယ်ကျယ်သီးတတ်ပေးမယ် '

နှိုင်း ပေးလာတဲ့ လည်ဂတုံးအကျီလက်ရှည်နှင့် ရွှေချည်မျှင်နဲ့အနက်နဲ့ရောစပ်ထားတဲ့ပုဆိုးကိုလှမ်းယူပြီးအကျီအရင်ဝတ်လိုက်သည်။ Demon သည် ပုဆိုးဝတ်ရာမှာခေါင်းကနေစွပ်ချလိုက်ပေမယ့်ဘယ်တစ်ခုကခေါင်းလဲ အောက်လဲမသိဖြစ်လို့နေသည်။

' ကိုကို..မောင့်ကိုဒါလေးလုပ်ပေးပါဦး'

' လာပြီလာပြီ မောင်ရေ ခဏလေး '

Demon ခေါ်လိုက်တော့ နှိုင်း က သူ့အဝတ်စားလဲမလို့ပြင်နေရာကနေထွက်လာသည်။
နှိုင်း ရောက်သွားချိန်မှာ Demon ဟာ အကျီကိုလာကျယ်သီးမတတ်ပဲရင်ဘတ်ဖွင့်လျှက်သားနှင့်ပင်။ ပုဆိုးကိုကိုင်ပြီးအောက်ကိုငုတ်ကြည့်ကာအပေါ်လားအောက်လားဆွဲနေတော့သည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now