💜 S3 EP - 33 💜🔞

112K 7.2K 1.1K
                                    

Unicode...
>>>>>>>>

.
.

Demon သည် အခန်းပြန်ရောက်တာနှင့် သူ့အချစ်ကလေးဘေးမှာဖြေးညှင်းစွာဝင်လှဲအိပ်ဖို့ပြင်သည်။ ပထမတော့ သူ့ရင်ခွင်ထဲမှာ အချစ်ကလေးကို ထည့်၍ဖက်ထားမယ်လို့စိတ်ကူးသော်လည်း လက်တဖက်ဆန့်ကာအိပ်ပျော်နေတဲ့အချစ်ကလေးကြောင့် ထုံးစံအတိုင်းပင် အချစ်ကလေးလက်မောင်းအားခေါင်းအုံး၍ ခါးကိုတင်းကျပ်စွာဖက်ရင်း ရင်ခွင်ထဲတိုးဝင်အိပ်လိုက်သည် ။

" ကိုကို့ရင်ခွင်ကအနွေးထွေးဆုံးပဲ "

အိပ်ပျော်နေတဲ့ နှိုင်း သည် သူ့ရင်ခွင်ထဲရောက်လာတဲ့အနွေးဓာတ်ခန္တာကိုယ်လေးအား ရိုးရာမပျက်ပြန်ထွေးပွေ့ကာနှဖူးလေးတစ်ချက်နမ်း၍ ...

" အင်း..အင်း.. အိပ်တော့နော် "

ထိုသို့ပြောကာပြန်အိပ်ပျော်သွားခဲ့သည် ။ Demon သည် နှိုင်း ရဲ့ မသိစိတ်ထဲကပင် သူ့အားချစ်တတ်ပုံကိုကြည့်ပြီး နှိုင်း ကို ပိုတိုးလို့ဖက်ကာ ဒီညလာမယ့်ကစားပွဲအတွက် အိပ်ပျော်အောင်ကြိုးစားလိုက်သည် ။

( A/N ဘုရားဆူး အဲ့တာဂိုဏ်းခေါင်းဆောင် Seme ပါ 😑 )

ညနေပွဲတတ်မယ့်အချိန်ရောက်တဲ့အခါ Calvin က နှိုင်း နဲ့ Demon အတွက် အဝတ်စားတွေပေးရန်တံခါးခေါက်လိုက်သည် ။ တံခါးခေါက်သံကို အိပ်မောကျနေဆဲ Demon က မကြားပေ ။ သို့သော် တနေ့ခင်းလုံးအိပ်ထားတဲ့ နှိုင်း ဟာ တံခါးခေါက်သံကိုကြားတာနဲ့ချက်ခြင်းနိုးလာခဲ့သည် ။

လက်တစ်ဖက်ကလေးလံတဲ့ခံစားမှု့နဲ့အတူ ခါးကျိုးမတတ်ဖက်တွယ်ထားတဲ့ခံစားမှု့ကြောင့် အ​​ရင်လို အံသြထူးဆန်းတာမျိုး ဖြစ်မသွားတော့ ပေ ဘာကြောင့်ဆို နှိုင်း ခန္တာကိုယ်ကိုဒီလိုလုပ်ရဲသူမှာ သူ့လူဆိုးလေးတစ်ယောက်ကလွဲလို့မရှိပေ ။ တကယ်လို့ရှိခဲ့ရင်လည်း အဲ့လူဟာ နောက်နေ့အတွက်အသက်ပါရှိတော့မှာမဟုတ် ။

နှိုင်း မိမိရင်ခွင်ကိုကြောင်ပေါက်လေးလိုတိုးဝှေ့ကာအိပ်ပျော်နေတဲ့ လူဆိုးလေးလက်ကိုအသာဖယ်ပြီး ခေါင်းအုံးပြောင်းပေးကာ သူဖက်ထားတဲ့ခါးကလက်တွေကို ဖြည်ချလိုက်ပြီး ထွက်လာခဲ့သည် ။ နှိုင်း လက်မောင်းပေါ်မှာအကြာကြီးအိပ်ထားတဲ့လူဆိုးလေးကြောင့် လက်တွေအနည်းငယ်ထုံကျင်နေရင်းပင် တံခါးသွားဖွင့်ပေးရသည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now