💜 S3 EP - 36 💜

66K 6.7K 1K
                                    

Unicode...
>>>>>>>>>

.
.

Demon သည် တတ်တူထိုးဖို့ မသွားမှီ Calvin အား ပစ္စည်းအပ်ထားခိုင်းတဲ့ဆိုင်ကြီးဆီမောင်းသွားလိုက်သည် ။ ဒီဆိုင်ကြီးဟာ ဒီနိုင်ငံရဲ့လက်ရာအကောင်းဆုံးစိန်ထည်ပစ္စည်းများရောင်းချသလို သူတို့ဆိုင်မှာလျှင် သတို့သားတစ်ယောက်ဟာ လက်ထက်လက်စွပ် တစ်ကွင်းသာလုပ်ခွင့်ရှိပြီး ဒုတိယအကြိမ်ဆိုတာမရှိပေ ။ သို့ရာတွင် Demon ဟာ သူတို့ဆိုင်က စိန်ထည်ပစ္စည်းထက် ပို၍ကောင်းမွန်တဲ့ စိန်ကိုအရယူခဲ့ပြီး သူ့ဆိုင်မှာထွင်းထုရန် အပ်နှံဖို့ရွေးချယ်ခဲ့သည် ။

Demon ဒီကိုမလာခင်တည်းက တာဝန်ရှိလူတွေနဲ့ကြိုပြီး Calvin ဆက်သွယ်ထားပေးတာကြောင့် Demon ဒီရောက်လာတဲ့အချိန်မှာ အခက်အခဲမရှိပဲ ဆိုင်မှ သူဌေး သည် Demon အား ဧည့်ခံ၍ Demon လိုချင်တဲ့ ဒီဇိုင်း နဲ့ အရည်အသွေးအပြင် တခြားလိုချင်တဲ့ပုံစံ နှင့် ရက်အား သတ်မှတ်ရွှေးထျယ်နေတော့သည် ။

ခပ်မိုက်မိုက်ဒီဇိုင်း နဲ့ All black ဖက်ရှင်ကိုဝတ်ကာ အကောင်းဆုံးဖြစ်တဲ့ ဆိုင်ကယ်ကိုစီး၍ လက်ထပ်လက်စွပ်ကိုကိုယ်တိုင်ဒီဇိုင်း လာလုပ်တဲ့ Demon ကို ဆိုင်အတွင်းလာဝယ်သူတစ်ချို့က သဘောကျတဲ့အကြည့်နှင့်အတူ ထိုလက်စွပ်အားပိုင်ဆိုင်မယ့် တစ်စုံတစ်ယောက်ကိုတီးတိုးချီးမွန်းနေခဲ့သည် ။

ထိုသူဌေး သည် Demon ယူလာတဲ့ စိန်အရည်အသွေး နှင့် တန်ဖိုးကိုသိနေသူမို့ လက်လွတ်စပယ်မလုပ်ရဲတဲ့အပြင် ပစ္စည်းအား သေချာကိုင်တွယ်နေရသည်။ Demon လက်စွပ်အတွက် မှာစရာရှိတာ မှာပြီးတာနဲ့ Calvin တို့နဲ့ချိန်းထားတဲ့ဆီကို ပြန်ထွက်လာခဲ့တော့သည် ။

တတ်တူးခန်းတွင် Logan ရဲ့ ပုံကို လက်စသတ်နေပြီး ပြီးခါနီးချိန်မို့ Demon တစ်နေရာမှာ ဝင်ထိုင်နေလိုက်သည် ။

" လာပြီလား "

" အင်း.."

" မင်းတို့ပြောတော့ ခရီးပန်းလို့ နားချင်ပြီဆို ဘယ်လိုဖြစ်တာလဲ "

Demon က Calvin ကမ်းပေးတဲ့ ဆေးလိပ်ဗူးထဲက ဆေးလိပ်ကိုလှမ်းယူလိုက်ပြီး မီးခြစ်၍သောက်လိုက်သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now