💜 S3 EP - 17 💜🔞

156K 7.6K 1.2K
                                    

Demon က နှိုင်း ကို ကုန်းပိုးလာပြီး အပြင်ဘက်ဆီထွက်လာခဲ့သည် ။ နှိုင်း သည် Demon ရဲ့ လည်ပင်းဆီဖက်ထားတာမို့ နှိုင်း ရဲ့ ဝင်သက်ထွက်သက်အသက်ရှုသံလေငွေ့လေးတွေက Demon လည်ပင်းဆီတိုက်ရိုက်ကျရောက်နေတာမို့ Demon စိတ်တွေမရိုးမရွဖြစ်စေသည် ။

အပြင်ဘက်ရောက်တော့ Demon က Taxi တစ်စီးငှားပြီး တတ်လာခဲ့သည် ။

အစကနေအဆုံး နှိုင်း က Demon ကိုကြည့်ပြီး ဘာတစ်ခုမှဝင်မပြော .. ကားငှားပြီးတော့မှ Demon က နှိုင်း ကို ကျောကုန်းပေါ်ကချကာဆင်းစေပြီး တံခါးဖွင့်ပေးလိုက်သည် ။

" ကိုကို ကားပေါ်တတ်လေ "

Demon တံခါးဖွင့်ပေးတဲ့အချိန်ထိကို နှိုင်း မတ်တတ်ရပ်ပြီး Demon ကို ကြည့်နေတုန်းပဲ ။ နှိုင်း က ဘာစကားမှပြန်မပြော ကားပေါ်လဲမတတ်တာကြောင့် Demon နှိုင်း ကို ကြည့်နေစဥ် ....

" မင်း .. မင်းအရင်တတ် "

" ဟင် .. ဘာကို "

" ကြည့်ပါလား .. မင်းကိုယ့်ကိုကားပေါ်တင်​ပေးပြီး ပြန်ထွက်သွားမှာမဟုတ်လား "

စိတ်မကောင်းဖြစ်နေတဲ့မျက်နှာလေးနဲ့ Demon ကိုကြည့်ပြီး ပြောလိုက်တဲ့ နှိုင်း ကြောင့် Demon ရင်ထဲကလိကလိဖြစ်သွားရသည် ။

နှိုင်း စိတ်ထဲမှာ Demon က သူ့ကိုအိမ်ပြန်ခိုင်းပြီး ပြန်ထွက်သွားမယ်ဆိုတဲ့အတွေးဝင်နေတာမို့ ကားပေါ်မတတ်ချင်ဘူး .. နှိုင်း က Demon နဲ့အတူတူအိမ်ပြန်ချင်တာ ... ဒါကို Demon က ရိပ်မိသွားတာကြောင့် ပြုံး၍ပင် နှိုင်း အနားကိုလာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ...

" ကိုကိုတစ်ယောက်တည်းမပြန်ခိုင်းပါဘူး .. လာ ကျွန်တော်အရင်ကားပေါ်တတ်မယ် "

" မင်းရှေ့ကသွား "

" ဟုတ်ပါပြီဗျာ "

နှိုင်း ပြောလိုက်တော့ Demon က ပြုံးစစနဲ့ပင် နှိုင်း ရှေ့ကအရင်သွားပြီး ကားပေါ်တတ်လိုက်သည် ။ ပြီးမှ နှိုင်း က Demon ဘေးမှာဝင်ထိုင်လိုက်သည် ။

အိမ်ပြန်နေစဥ်တစ်လျှောက် နှိုင်း က Demon ကို ဘာမှမပြောသလို Demon ဘက်ကလဲ နှိုင်း ကို ဘာပြောရမှန်းမသိတာကြောင့် အိမ်ရောက်ရင်ပြောရမယ့်စကားတွေနဲ့ မေးရမယ့်မေးခွန်းတွေကိုသီကုံးနေတော့သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now