💜 S3 EP - 29 💜🔞

115K 7.8K 611
                                    

Unicode...
>>>>>>>>

.
.

Demon ပြန်လာတဲ့လမ်းတစ်လျှောက်မှာ နှိုင်း အတွက်စိတ်ပူပန်ခြင်းမျိုးစုံနဲ့ ရှိုင်းထက်အောင် ကို ကြိန်းတဝါးဝါးနှင့် သူ့ Club ရှေ့ကိုရောက်လာခဲ့သည်။ ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းနဲ့ Club အရှေ့မှာရပ်လိုက်တာနှင့် လုံခြုံရေးတွေကကြောက်လန့်ကာ အနားရောက်လာတော့သည် ။
Demon သည် ဆိုင်ကယ်ဦးထုတ်ကိုချွတ်ကာလုံခြုံရေးဆီပြစ်ပေးကာ ဒေါသထွက်နေတဲ့စိတ်ကိုချုပ်ထိန်းကာ Club ထဲဝင်လာခဲ့သည် ။

Club အထဲတွင် လူပေါင်းစုံက ကခုန်ကာမူးရူးနေတဲ့လူတွေနှင့် ဆေးကွဲနေတဲ့ကောင်တွေကြားထဲတွင် သူ့အချစ်ကလေးတစ်ခုခုဖြစ်မှာ ကြောက်လန့်လာသည် ။ Demon က ထိုလူတွေကိုတွန်းဖယ်ကာ လူကြားထဲနေရာအနှံလိုက်ရှာနေသည် ။

အဲ့အချိန်မှာလူမဲကောင်တစ်ယောက်နဲ့ရူးရူးမူးမူးနမ်းရှိုက်နေတဲ့လူတစ်ယောက်ရဲ့ပုံစံဟာ သူ့အချစ်ကလေးနဲ့အရပ်အမောင်းတူနေတာကြောင့် မျက်မှောင်ကျုံ့ကာခြေလှမ်းကျဲကြီးနဲ့သွားပြီး ထိုလူမဲကောင်ကို​ဆောင့်တွန်းထုတ်ပြစ်လိုက်ပြီး ထိုလူကိုကြည့်လိုက်တော့ သူ့အချစ်ကလေးမဟုတ်။

" တောက် !! ချီးပဲ ဘယ်ကောင်လဲကွ သေချင်လို့လား "

ထိုလူမဲကောင်ဟာ လဲကျနေရာမှ ပြန်ထလာပြီး Demon အားမမြင်ပဲဆဲကာကြည့်လိုက်တော့... Demon သည် ထိုလူမဲကောင်ကို မျက်မှောင်ကျုံ့ကာစိုက်ကြည့်လိုက်တော့မှ ထိုလူမဲကောင်ပါးစပ်ပိတ်သွားပြီး ဟိုကြည့်ဒီကြည့်နဲ့ နေရာကထွက်သွားသည် ။

Demon သည် နှိုင်း Club အတွင်းရှာနေတာမတွေ့တာကြောင့် သူ့အနီးနားမှာရှိသမျှစားပွဲတွေကိုအကုန်လှန်ပြစ်ကာပေါက်ကွဲလိုက်ပြီး ဒေါသထွက်နေတော့သည် ။ Demon ကို သိတဲ့လူတွေဟာ Demon ဒေါသသူတို့ဆီရောက်လာမှာကြောက်တာတော့ ဘာမှမပြောရဲပဲငြိမ်နေရသည်။ ထိုစဥ် နောက်ဆုံးနေရာတစ်ခုကို Demon စဥ်းစားမိလိုက်ချိန်....

" တောက် !! အဲ့နေရာမှာဆို မင်းတကယ်သေဖို့သာပြင် "

Demon ဟာ Club အတွင်းရှိသည့်စုံတွဲတွေအတွက်အခန်းဘက်ရှိရာဆီသွားကြည့်လိုက်သည် ။ သို့သော် လျှောက်လမ်းတစ်ခုတွင် ရှိုင်းထက်အောင်ကိုတွေ့လိုက်ပြီး ရှိုင်းထက်အောင်ဟာ သူ့အချစ်ကလေးကိုအကြမ်းပတမ်းနမ်းရှိုက်နေတာကိုမြင်လိုက်ရသည် ။ တစ်ခုခု​ဖြစ်နေပုံရတဲ့အချစ်ကလေးဟာ ထိုအခြေနေကိုတော့ သတိရှိစွာ ရှိုင်းထက်အောင် တွန်းဖယ်နေပေမယ့် ရှိုင်းထက်အောင် က ဆက်နမ်းမြဲ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now