💜 S3 EP - 4 💜

78.4K 7.4K 358
                                    

L မြို့လည်ခေါင်ရှိ အချက်ချာကြတဲ့နေရာတစ်ခုတွင် တိတ်ဆိတ်တဲ့ခြံဝန်းတစ်ခု၌ သီးသန့်နေအိမ်လေးတစ်ခုလဲအေးချမ်းစွာတည်ရှိသည် ။

ရိုးရှင်းတဲ့နေထိုင်မှု့ကိုသဘောကျတဲ့ နှိုင်းသုတ အတွက် ဒီအိမ်လေးနဲ့ဒီပက်ဝန်းကျင်ဟာ အရမ်းနေလို့ကောင်းသည် ။

အဖြူရောင်မှာအနက်အစင်းဖြင့်ဆပ်စပ်ထားသော ဖဲသားညအိပ်ဝတ်စုံကိုဝတ်ထားတဲ့ နှိုင်းသုတ ဟာ အသက်ရွယ်နဲ့မလိုက် သေးသွယ်တဲ့ခန္တာကိုယ်ပိုင်ဆိုင်ထားပြီး ဖြူဖွေးနူးညံ့တဲ့အသားရည်လေးနဲ့ ချစ်စရာကောင်းတဲ့မျက်နှာကြောင့် လုပ်ငန်းရှယ်တချို့ရဲ့သမက်တော်ဖို့အတွက်မျက်စိကျခြင်းခံနေရသည် ...။

နှိုင်းသုတ ကိုယ်တိုင်က လုပ်ငန်းရှင်တစ်ယောက်မို့တိုက်ရိုက်ထိကပါးရိကပါလာလုပ်သော်မရပေမယ့် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့စကားပျိုးခြင်းတွေအပြင် တချို့သောလူတွေရဲ့တတ်မက်တဲ့အကြည့်နဲ့အမြဲအကြည့်ခံရတတ်သည် ။

နွေးထွေးတဲ့အလင်းရောင်ကြိုလင့်မှု့နဲ့အတူအိပ်ယာနိုးလာခဲ့သည် ။

" ဝှါးးးး ..... "

အိပ်ရာကထပြီး အပျင်းကြောဆန့်ကာ မှန်သားပြတင်းပေါက်ဆီသွားပြီး လိုက်ကာဆွဲဖွင့်လိုက်သည်နှင့် နွေးထွေးမှု့ရှိလှတဲ့နေမင်းကြီးကတိုးဝင်လို့လာသည် ။

" နွေးနေတာပဲ နေလို့ကောင်းလိုက်တာ "

အချိန်ကိုကြည့်တော့ Company သွားရန်အချိန်ရောက်နေသည်မို့ ရေမိုးချိုးအဝတ်စားလဲကာပြင်ဆင်ပြီး ရုံးစာရွက်စာတန်းတွေထည့်ထားတဲ့အနက်ရောင်လက်ဆွဲအိတ်ကိုယူကာလှေကားထစ်တွေအတိုင်းအောက်ထပ်ကိုဆင်းလာခဲ့သည် ။

အောက်ထပ်ဆီရောက်သည်နှင့် အရင်ဆုံးမီးဖိုချောင်ဆီဝင်ကာ မနက်စာအတွက် ကိုယ်တိုင်ချက်ပြုတ်စားရတာဟာ နှိုင်းသုတရဲ့တနေ့တာမှာ မပါမဖြစ် ။

အချက်အပြုတ်အတွက်တော့ နှိုင်းသုတ စိတ်မပူ ။ ထိုသို့ချက်ပြုတ်ရသည်မှာ ဟိုအရင်တည်းက နှိုင်းသုတအတွက်ဝါသနာတစ်ခုဖြစ်နေတာမို့ အခုလိုတစ်ယောက်တည်းနေတဲ့အချိန်မှာအရမ်းအဆင်ပြေသည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now