💜 S3 EP - 11 💜

84.5K 8K 887
                                    

ယိုင်ထိုးနေတဲ့ကားပေါ်မှာ ကြောက်ရွံ့မှု့နဲ့ သားအမိနှစ်ယောက်တင်းကြပ်စွာဖက်ထားပြီး မိခင်ဖြစ်သူမှာ သားထိခိုက်မှာစိုး၍ ရင်ခွင်ထဲတင်းကျပ်စွာဖက်ရင်း နာကျင်မှု့ကိုတစ်ကိုယ်ရည်တည်းခံယူနေခဲ့သည် ။

သစ်ပင်ကြီးတစ်ပင်ကို အရှိန်နဲ့တိုက်လိုက်တဲ့ ကျယ်လောင်တဲ့ကားတိုက်သံအဆုံး မိခင်မှာ တစ်ကိုယ်လုံးဒဏ်ရာတွေနှင့် သွေးအလိမ်းလိမ်းဖြစ်ကာ .. ဆေးရုံအရောက်အသက်ငွေ့ငွေ့ပဲ ကျန်တော့သည် ။

" ဆရာမ ! ဆရာမ !!  ကျွန်တော့်အမေကိုကယ်ပေးပါ .. အီးဟီးဟီး တောင်းပန်ပါတယ် ကျွန်တော်အမေကိုကယ်ပေးပါ .. "

" ဒီလောက်လူနာတွေများနေတာမမြင်ဘူးလား .. ခဏစောင့်ဦး "

ဆရာမရဲ့ပြစ်ပယ်မှု့ကိုငိုယိုပြီးအကူညီတောင်းပေမယ့်အရင်းနှီးသာ ... ။

" ဒေါက်တာ !! ... ဒေါက်တာ !! .. ကျွန်တော့်အမေ ဟိုဘက်မှာပါ .. လုပ်ပါဦးဒေါက်တာရယ် အီးဟီးဟီး ..ကျွန်တော့်အမေကိုကယ်ပေးပါဗျာ .. တောင်းပန်ပါတယ် .. "

" ဒီနေ့ တောင်ပြိုကျတဲ့လူတွေအများကြီးပဲ မင်းအမေအတွက် တခြားဒေါက်တာသွားရှာလိုက် ငါတာဝန်ရှိသေးတယ် "

ထိုသို့ပြောကာ တကိုယ်လုံးစိန်ညွှတ်နေအောင်ဝတ်ထားတဲ့မိန်းမကြီးရဲ့သမီဆီသွားကာ ဖော်ရွေတဲ့မျက်နှာအသွင်ပြောင်း၍ ဆက်ဆံနေတဲ့ ဒေါက်တာ နဲ့ ဆရာမကြီး ဆိုသူကိုကြည့်ကာ ရင်ကွဲရပါသည် ။

ဒီနေ့ Demon တို့ဆေးရုံမရောက်ခင် တောင်ပြိုကျတဲ့ထဲမှာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေများပြားတာမို့ မအားကြတာသိပေမယ့် ... ဒီဘက်က Demon အမေမှာ တကယ်ပင် နာကျင်ကာအသက်ဆုံးရတော့မည် ။

" မေမေ ခဏလေးနော် .. သား သား ဆရာဝန်ခေါ်ထားတယ်မေမေ .. မေမေသက်သာသွားမှာပါ "

" သား ... သားလေး .. "

အမေသည် သူ့နာကျင်မှု့ကိုအံတုကာ Demon အားပြုံးပြရင်း ကားမှန်ရှထားတဲ့သွေးရွှဲနေတဲ့လက်ဖြင့် ပါးပြင်ကိုကိုင်ကာ ... ။

" မေ့သားလေး ဘယ်နားထိခိုက်သွားသေးလဲဟင် ..အဟွတ် အဟွတ် "

" အီးဟီး .. သား ဘာမှမဖြစ်ဘူးမေမေ .. စကားအရမ်းမပြောပါနဲ့ သား ဆရာဝန်သွားထပ်ခေါ်လိုက်ဦးမယ် .. သားကိုစောင့်နေနော် "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now