💜 S3 EP - 31 💜

72.1K 7.4K 690
                                    

Unicode...
>>>>>>>>

.
.

နှိုင်း အိမ်ပြန်လမ်းတစ်လျှောက် Demon ကို နှိုင်း ကိစ္စပြောဖို့အတွက်ဝန်လေးနေမိသည် ။ Demon က ဒီကိစ္စအတွက် နှိုင်း ကို လိုက်လျှောပါ့မလား.. ဒါ့အပြင် ဒီကိစ္စကြောင့် နှိုင်းတို့နှစ်ယောက်ကြားမှာအဖုထစ်ဖြစ်သွားနိုင်မလား အရမ်းစိုးရိမ်နေသည် ။ သို့သော် Demon စိတ်ဆိုးမယ်ဆိုရင်တောင် နှိုင်း ပြောရမည် ။

အိမ်ရှေ့ရောက်တာနဲ့အတွေးစကိုဖြတ်ကာ ကားမောင်းဝင်လာခဲ့သည် ။ ရုံးလက်ဆွဲအိတ်ကိုယူကာ ဆင်းလာခဲ့သည် ။ Demon ဟာ နှိုင်း ရောက်နေတာကို​ကြားတာကြောင့် ဟင်းချက်ရင်းပြုံးမိလိုက်သည် ။ သူဟင်းကျက်တဲ့အချိန်နဲ့ သူ့အချစ်ကလေးပြန်လာချိန်ဟာ လုံးဝကွက်တိပင်။

" မောင် .. ကိုယ်ပြန်လာပြီ "

" ကိုကို ​မောင်ဒီမှာ "

မီးဖိုခန်းဘက်ကအသံလှမ်းပေးတာကြောင့် နှိုင်း ကသူ့လက်ဆွဲအိတ်ကိုချပြီး Demon ဆီသွားလိုက်သည် ။ မီးဖိုခန်းမှာ ဟင်းနံ့မွှေးမွှေးလေးတွေနဲ့ Apron ဝတ်ကာ ဆံပင်ရှည်ကိုခပ်မြင့်မြင့်ထုံးထားပြီး ချက်ပြုတ်နေတဲ့ Demon ဟာ နှိုင်း မျက်လုံးထဲမှာ အရမ်းဆွဲဆောင်မှုရှိနေသည်။ ဒါ့အပြင် နှိုင်း နဲ့ယှဥ်လိုက်ရင်အရပ်အမောင်းရောခန္တာကိုယ်နှင့် ကျယ်ပြန့်တဲ့ကျောပြင်ဟာ နွေးထွေးတဲ့အငွေ့အသက်တွေနဲ့ ခိုလုံချင်စရာ ။

နှိုင်း သည် Demon အနားသို့သွားပြီး ခါးကိုဖက်ထားပြီး မျက်နှာကိုကျောပြင်နဲ့ကပ်ထားလိုက်သည် ။ Demon ဟာ နှိုင်း ရဲ့ ထိုအပြုမှု့ကြောင့် အံအားသင့်သွားသည် ။

" ကိုကိုပင်ပန်းနေလား ရေအရင်သွားချိုးလိုက်လေ ကျွန်တော်ချက်တာပြီးတော့မယ် "

" ဟင့်အင်း နောက်မှချိုးမယ်.. အခုတော့ ဒီတိုင်း ခဏ "

" မောင့် တကိုယ်လုံး ဟင်းနံ့တွေနဲ့ချွေးထွက်လို့ ညစ်ပက်နေတယ် ကိုကိုပါ နံကုန်လိမ့်မယ်.. မောင် ဒီဟင်းပွဲလေးပြီးအောင်ချက်လိုက်မယ် "

Demon ပြောတော့ နှိုင်း က Demon ကျောပြင်ကို နှာခေါင်းနဲ့ရော နှုတ်ခမ်းနဲ့ပါတစ်ချက်နမ်းကာ ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now