💜 S3 EP - 27 💜

83.6K 7.9K 1.4K
                                    

Unicode...
>>>>>>>>

.
.

" လူနာကုတင်ကျဥ်းကျဥ်းလေးကို အဲ့ခွေးကောင်က ဘယ်လိုတောင်တတ်အိပ်နေတာလဲ !! "

" ဟေး သားကြီး သူတို့အိပ်ပါစေ "

" အဲ့ကောင် အိပ်နေတဲ့ပုံကိုလဲကြည့်ဦး Daddy နှိုင်းလေး ကလူနာလား အဲ့ကောင်ကလူနာလားမသဲကွဲဘူး "

ဇိုင်းသုတ ပြောတော့ ဦးဇိုင်း က ကုတင်ဆီကို တစ်ခါထပ်ကြည့်လိုက်သည် ။

အင်း ဇိုင်းသုတ ပြောလဲပြောချင်စရာပင် သူတို့အိပ်နေတဲ့ပုံစံမှာ Demon မှာ နှိုင်းလေး ခါးကိုတင်းကျပ်စွာဖက်ထားပြီးရင်ခွင်ထဲခေါင်းတိုးဝင်ကာအိပ်နေခြင်းမို့ ဇိုင်းသုတ ပေါက်ကွဲနေတော့သည် ။

ဒီကောင်လေးဟာ ဦးဇိုင်း နဲ့ ဇိုင်းသုတ အပြင်တခြားလူတွေရှေ့မှာ မာန်ဖီနေတဲ့ကျားလို့ပုံစံရှိနေပေမယ့် အခုလို နှိုင်းလေး ရင်ခွင်ထဲတိုးဝင်နေတဲ့ပုံစံလေးကိုကြည့်ခြင်းအားဖြင့် ဒီကောင်လေး နှိုင်း အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ဦးဇိုင်း ခံစားလို့ရသည် ။

" မနေ့က အိပ်တာနောက်ကျတယ်ထင်တယ် အိပ်ပါစေ Daddy တို့မနှောက်ယှက်သင့်ဘူး "

" ယုံကြည်ပြီးလူနာစောင့်ခိုင်းတာ သူက လူနာတတ်လုပ်နေတယ် တကယ့်ကောင် "

( AN / အဲ့လူနာကိုပါ တတ်လုပ်ပြီးပြီကိုကိုကြီးရေ 😅 )

ထိုသို့မကျေမနပ်ပြောနေတဲ့ ဇိုင်းသုတ ကို ဦးဇိုင်းကတော့ ခေါင်းပဲခါနိုင်တော့သည် ။

ဇိုင်းသုတ ဟာ ငယ်ငယ်တည်းကအေးစက်တဲ့စရိုက်ရှိပေမယ့် မိသားစုအပေါ်မှာတော့အတော်လေးအလေးထားသည် ။ အထူးသဖြင့် သူ့ညီငယ်လေးနဲ့ပက်သတ်ရင် ငယ်စဥ်ကတည်းက နည်းနည်းလေးမှအထိခိုက်မခံနိုင်တဲ့သူ ဦးဇိုင်း နဲ့ သုသု ထက်ပင် သူ့ညီငယ်လေးနဲ့ ပိုရင်းနှီးလာခဲ့တာမို့ အခုလို Christo ကြောင့် သူ့ညီ ဟာ ဗြုန်းစားကြီးထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် Christo အပေါ်ဘယ်လိုမှအမြင်မကြည် ။

တဖက်က Christo ဆိုတဲ့ကောင်လေးကလည်း နှိုင်းလေး နဲ့ပက်သတ်ရင် ခေသူမဟုတ်တာကြောင့် ရှေ့လျှောက် သားငယ်နှိုင်းလေး ကတော့ အကိုကြီး နဲ့ ချစ်သူ ကြား ဗျာများဦးမှာ ဦးဇိုင်း မြင်ယောင်ကာ ပြုံးလိုက်သည် ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now