💜 S3 EP - 32 💜

75.3K 7.3K 477
                                    

Unicode...
>>>>>>>>

.
.

W မြို့တော်ဆီရောက်သော်...

လေယာဥ်ပေါ်ကဆင်းတာနှင့်အပူချိန်မြင့်တတ်တဲ့ကုန်းမြေနိုင်ငံတစ်ခုမို့ အပူဒဏ်မခံနိုင်တဲ့ နှိုင်း နဲ့တွေ့ပြီပဲ ။ သို့သော် လေယာဥ်အောက်ဖက်မှာ Demon ကို လာကြိုနေသူတစ်ချို့ကိုကြည့်ကာ Demon သည် ဒီ W မြို့တော်ရဲ့အရေးပါတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုတာ နှိုင်း ခန့်မှန်းမိသည်။

နှိုင်း ဟာ Demon လုပ်သမျှအားလုံးကိုသိသင့်သလောက်သိပေမယ့် သူ့အားဖုံးကွယ်ထားတဲ့လူဆိုးလေးကြောင့်အပေါ်ယံအမြင်မှာမသိနားမလည်ခြင်းနဲ့သာပြန်ဖုံးကွယ်ခဲ့သည် ။

နှိုင်း သည် အပေါ်ကုတ်အကျီအဖြူကိုချွတ်ကာ လက်တန်းပေါ်တင်ထားလိုက်သည် ။ အောက်တွင် ကော်လန်အ​ဖြူရောင်လက်ရှည်ကိုဘောင်းဘီအနက်ရောင်ထဲထည့်ဝတ်ကာ အနက်ရောင်ဖိနပ်နှင့် နှိုင်း ဟာ တည်ငြိမ်ပြီးအေးချမ်းတဲ့မျက်နှာမျိုးလည်း ပိုင်ဆိုင်ထားသေးသည်။

" ကိုကိုဆင်းရအောင်လေ ဘာတွေတွေးနေတာလဲ"

အနောက်ဘက်အခန်းဆီခဏသွားမယ်ဆိုပြီး အခုမှပြန်လာတဲ့ Demon ကို နှိုင်း မော့ကြည့်လိုက်သည်။ မြင်တွေ့လိုက်ရတဲ့ Demon ရဲ့ပုံစံအသစ်ကို နှိုင်း ဘယ်တုန်းကမှမမြင်ဖူးသလိုကြည့်ကာ အံသြမိလို့မတ်တတ်ရပ်မိလိုက်သည်။

" မောင် .. မောင့်ဆံပင်တွေ နဲ့ အဝတ်အစားတွေက ဘယ်လို...."

" အာ ဒါလား.. ဒီတစ်ခေါက်ကပွဲတတ်ရမှာတွေရှိတယ်လေ မောင် တစ်ယောက်တည်းဆိုကိစ္စမရှိပေမယ့် ကိုကိုနဲ့သာဆိုအကောင်းဆုံးဖြစ်နေရမယ်မလား"

Demon သည် သူ့ရဲ့ပုံစံအသစ်ကို နှိုင်း သဘောမကျမှာ စိုးရွံ့နေပေမယ့် အခုခါမှာ နှိုင်း မျက်လုံးထဲမှာ သဘောကျသည့်အငွေ့အသက်အပြည့်ရှိနေတာမြင်လိုက်တော့စိတ်အေးသွားသည်။

နှိုင်း သူ့ရှေ့ကလူဆိုးလေးရဲ့ခါတိုင်းနဲ့မတူတဲ့ပုံစံကိုကြည့်ကာတကယ်ပင်သဘောကျနေမိသည်။

ခါတိုင်းလိုနက်မှောင်တဲ့ဆံပင်မှာအဝါရောင်သန်းနေပေမယ့် ခါတိုင်းနဲ့မတူစွာ ဂုတ်လောက်ထိရှည်တဲ့ဆံပင်တွေကိုညှပ်ထားပြီး ယောက်ကျားပီသပြီးချောမောတဲ့အသွင်နှင့်ယုံကြည်မှု့အပြည့်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now