💜 Extra - 3 💜

67.4K 6.3K 350
                                    

Unicode...
>>>>>>>>>

.
.

Daddy တို့အားလုံးပြန်သွားပြီးနောက်ပိုင်း နှိုင်း တို့ရဲ့ အိမ်ထောင်ရေးဘဝလေးက ပုံမှန်အတိုင်းပဲ လည်ပတ်ကာသာယာနေခဲ့သည်။

အရင်ကထက်ထူးခြားသွားတဲ့အိမ်အပြင်အဆင်မျိုးသိပ်မရှိသော်လည်း အိမ်ဧည့်ခန်းတွင် နှိုင်းနဲ့ Demon တို့ရဲ့ Wedding ပုံအကြီးကြီးကိုမြင်သာထက်သာရှိအောင်ချိတ်ဆွဲထားပြီး ကြောင်လှေကားအတတ်အဆင်းနံရံမှာလည်း Demon တို့ရဲ့ စုံတွဲပုံလေးတွေမရိုးရအောင်အလှချိတ်ဆင်ထားသည်။ ဒါ့အပြင် နှိုင်းတို့နှစ်ယောက်ရဲ့အခန်းဖြစ်တဲ့ ကုတင်ခေါင်းရင်းနံရံဆီမှာလဲ Wedding ပုံအကြီးကြီး ကိုချိတ်ဆွဲကာ မီးအလှစဥ်ထားသည်။

ဒီအိမ်တစ်ခုလုံးတွင် နှိုင်း နဲ့ လူဆိုးလေးရဲ့အချစ်အငွေ့အသက်တွေနှင့် ချစ်ခြင်းမေတ္တာကိုခြုံလွှမ်းထားစေတာကြောင့် လူဆိုးလေးလုပ်သမျှနှိုင်းသဘောကျသည်။

လက်ထပ်ပြီးအတူနေရန်အတူအတွက် Demon သည် မြို့လည်ခေါင်မှာစံအိမ်ကြီးတစ်အိမ်ဝယ်ရန်စီစဥ်ခဲ့ပေမယ့် နှိုင်း သဘောမကျခဲ့တာကြောင့်တားလိုက်ပြီး အရင်လိုပဲ နှိုင်း အိမ်မှာပဲဆက်​နေ​ကြရန်ရွေးချယ်ခဲ့သည် ။

Demon နဲ့ နှိုင်း ဟာ နေ့စဥ်နေတိုင်း လှပတဲ့နေ့ရက်တွေကိုခံစားရင်း အေးချက်တဲ့နေ့သစ်တွေနဲ့ ညဘက်မှာ သူ့လက်မောင်းပေါ်ခေါင်းအုံး၍အိပ်စေပြီး နေမင်းကြီးတိုးထွက်လာတဲ့မနက်ခင်းတိုင်း နှိုင်း ရဲ့လူဆိုးလေးဟာ နှိုင်း ရင်ခွင်ထဲတိုးဝှေ့ကာအိပ်မောကျနေခဲ့သည်။

မနက်ခင်းဆိုရင် နှိုင်း Company သွားပြီးအလုပ်လုပ်ရင် လူဆိုးလေးကအိမ်ကနေ၍သူ့လုပ်ငန်းတွေအကြောင်းဆွေးနွေးလုပ်ကိုင်သည်။ နှိုင်းလူဆိုးလေးရဲ့လုပ်ငန်းတွေအလုပ်တွေများစွာရှိနေပေမယ် သူကိုယ်တိုင်မပြောပြပဲ နှိုင်း သိချင်စိတ်တစ်ခုတည်းနဲ့ ဘာတစ်ခုမှလိုက်မမေးခဲ့ဖူးပေ ။ တကယ်လို့ နှိုင်း သိရမယ့်ကိစ္စဆိုရင် သူသေချာပေါက်ပြောပြလာလိမ့်မည်။

Company တွင် နှိုင်းရဲ့လုပ်လတ်စအလုပ်ကိစ္စလေးတွေကိုအဆုံးသတ်နေရပြီး ကျန်ရှိနေသေးတဲ့အလုပ်တွေကိုတော့ အတွင်းရေးမှူး Ban နဲ့အတူ ဘုန်းပြည့်တို့ကို ကိုင်တွယ်ရန်စီမံနေရသည်။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now