💜 S3 EP - 28 💜

81.2K 9.4K 783
                                    

Unicode...
>>>>>>>>

.
.

ဒီလိုနဲ့  နှိုင်း ဆေးရုံမှာ နောက်ထပ်နှစ်ရက်ကုသမှု့ခံယူပြီး ဆေးရုံဆင်းလာခဲ့တယ် ။ နှိုင်း ရဲ့ ရင်ဘတ်က အပြင်ပိုင်ဒဏ်ရာက ဆေးကုသမှု့ကြောင့်အတော်လေး သက်သာသွားခဲ့တယ် ။ အမာရွတ်ပျောက်ဆေးကို ပုံမှန်လိမ်းပေးနေတဲ့ နှိုင်း လူဆိုးလေးကြောင့် ရင်ဘတ်က အမာရွတ်အသေးစလေးသာကျန်တော့သည် ။

သို့သော် လည်ပင်းက သေနတ်ပြောင်းဝအပူလောင်ဒဏ်ရာကတော့ အမာရွတ်အဖြစ်ကျန်ရှိနေတုန်းပဲ ။

လူဆိုးလေး ကတော့ ထိုဒဏ်ရာကိုမြင်တဲ့အချိန်တိုင်း သူအသုံးမကျလို့ဆိုတဲ့စကားတွေနဲ့ အမြဲတမ်းကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်တယ် ။ နှိုင်း ဘယ်လိုပဲပြောပြပါစေ သူ့စိတ်ထဲမှာ သူ့ကြောင့်လို့ပဲခံယူထားတယ် ။

ဒီနေ့က က ပုံမှန်ရက်တွေလို နှိုင်း ရုံးသွားရမည် ။ သို့သော် အခုချိန်ထိ နှိုင်း ခါးကိုဖက်ပြီး ရင်ခွင်ထဲတိုးဝေ့ပြီး အိပ်နေတဲ့ လူဆိုးလေးကြောင့် ထ လို့မရသေးပြန် ။

" မောင် .. မောင်ရေ ထတော့လေကွာ ကိုယ်ရုံးသွားရဦးမယ် "

" ......... "

" ဟေး မောင်နိုးနေတာ ကိုယ်သိတယ်နော်... မညစ်ပက်နဲ့ကွာ ထတော့ မောင်လုပ်လို့ ကိုယ်ရုံးနောက်ကျနေတော့မယ် "

" အဲ့တာဆိုလဲနောက်ကျလက်စနဲ့ မသွားနဲ့တော့ မောင် နဲ့ပြန်အိပ်ရအောင် "

ပြောပြီး နှိုင်း ကို ခါးကနေ သူ့အနားပိုတိုးကပ်စေကာ လည်တိုင်လေးကိုနမ်းရှိုက်နေသည်။

" အဲ့လိုမရဘူးလေ ​မောင်ရဲ့ ကိုယ်ရုံးပျက်ရက်တွေအရမ်းများနေပြီ ဒီနေအရေးကြီးတဲ့လူနဲ့တွေ့ရမှာ မသွားလို့မရဘူး .. ထပါကွာ မောင်ကလိမ်မာပါတယ်.. "

" ........ "

" မောင်ပြောတော့ ကိုယ့်ဘာသာစကားသင်ပြီး ကိုယ်နဲ့အတူမြန်မာပြည်လိုက်ခဲ့မယ်ဆို.. ဒီနေ့ xxxx အတန်းရှိတယ်ဆိုတာ မေ့နေတာလားဟင်"

" ဟာ .. ဟုတ်သားပဲ "

အဲ့တော့မှ အလန့်တကြားထထိုင်တဲ့လူဆိုးလေး။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now