💜 S3 EP - 26 💜🔞

115K 7.9K 1K
                                    

Unicode...
>>>>>>>>

.
.

" ကျွန်တော်ပြန်လာခဲ့ပါမယ် "

နှိုင်း စကားကြောင့် ဦးဇိုင်းရော ဇိုင်းသုတ ပါ အံသြသွားသည်။ နှိုင်း ဒီလောက်မြန်မြန်အထိ မိသားစုကိုချက်ချင်းရွေးချယ်မယ်လို့မထင်ထားခဲ့ပေ ။ ဇိုင်းသုတ ကတော့ သူ့ညီလေးရဲ့ဆုံးဖြတ်ချက်ကြောင့်သဘောကျနေတော့သည် ။ သို့သော် ဇိုင်းသုတ သဘောကျလို့ပင်မဆုံးသေး ..

" ကျွန်တော် သူနဲ့အတူပြန်လာခဲ့ပါ့မယ် အဲ့အချိန်ထိစောင့်ပေးပါ Daddy နဲ့ အကိုကြီး "

" ဘာ ... ! "

ဦးဇိုင်း ဟာ နှိုင်း ရဲ့စကားကြောင့်မျက်နှာကိုတည်ငြိမ်တဲ့အသွင်နှင့်လေးနက်စွာပြောသည်။

" ဒီကိစ္စက သားငယ်ရဲ့တစ်ဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စ လွယ်လွယ်နဲ့ဆုံးဖြတ်လို့မရဘူးနော် "

" ကျွန်တော်သိပါတယ် Daddy .. ကျွန်တော်အတွက်ဒီဆုံးဖြတ်ချက်ကိုလွယ်လွယ်နဲ့ချခဲ့တာမဟုတ်ပါဘူး ဒီလိုတွေမဖြစ်လာခင်တည်းက ကျွန်တော်ကြိုတွေးပြီးသားမေးခွန်းတစ်ခုကို အဖြေပေးလိုက်တာပါ "

" သူကဘယ်လိုလူမျိုးလဲဆိုတာကိုသားငယ်သိနေတယ်ဆိုတာတောင်လား "

" ကျွန်တော်သူ့ကိုချစ်တယ် .. ကျွန်တော့်အချစ်ကသူဘယ်လိုလူမျိုးမို့ ဆိုတဲ့တိုင်းတာတဲ့အချက်ကြောင့်မဟုတ်ဘူး Daddy။ သူက သူမို့လို့ ချစ်တာ "

နှိုင်း ရဲ့ ပြီးပြည့်စုံတဲ့အဖြေကြောင့် ဦးဇိုင်း က ခေါင်းတညှိမ့်ညှိမ့်နဲ့တိတ်ဆိတ်နေခဲ့သည် ။ ဇိုင်းသုတ ဟာ လဲ သူ့ညီရဲ့ဆုံးဖြတ်ချက်ကိုလက်ခံမယ့်သူတစ်ယောက်မို့ ထပ်ပြီး​ဖိအားမပေးချင်တော့ပေ ။ ဒါလမ်းက နှိုင်းလေး ကိုယ်တိုင်ရွေးချယ်လိုက်ပေမယ့် အဲ့ရွေးချယ်တဲ့လမ်းကိုလျှောက်တဲ့အချိန် နှိုင်း ခြေဖဝါးဆူးမရှိအောင်တော့ ဇိုင်းသုတ အကောင်းဆုံးစောင့်ရှောက်ပေးနိုင်သည်။

ဦးဇိုင်း ဟာ သားငယ်ရဲ့အချစ်ကိုစမ်းသပ်ဖိုးအတွက်မေးခွန်းတစ်ခုထုတ်လိုက်သည်။

" နှိုင်းသုတ မင်းရဲ့ဆုံးဖြတ်ချက်ကို Daddy တို့မိသားစုက လက်မခံဘူးဆိုရင်ရော "

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now