မတူညီသောရှင်သန်ခြင်း

3.6K 106 25
                                    

အပိုင်း ( ၁ )

ရာသီတွေဘယ်လိုပဲ ပြောင်းပြောင်း မနက်အစောပိုင်းမှာဆို မြူနှင်းတွေဝေနေတက်သည့် ပြင်ဦးလွင်မြို့လေး။ထိုမြို့လေးက ​မေမြို့ပန်းများပွင့်လန်းရာ နေရာဖြစ်သည့်အတွက် မေမြို့ဟူ၍လည်း ခေါ်တက်ကြ၏ ။

တောက်ပစွာထွက်လာသော နေရဲ့အလင်းတို့က ဦးလင်းနောင်တို့ရဲ့ခြံထဲက ပန်းပင်တွေအပေါ်ဖြာကျလျှက်ရှိသည်။ထိုခြံကြီးရဲ့ဘေးတွင် ပုံစံတူအိမ်များလည်းရှိ၏ ။ xxအိမ်ယာလို့ပြောလိုက်တာနဲ့ ပြင်ဦးလွင်မြို့ရဲ့ လူချမ်းသာတို့ အပန်းဖြေရာ အိမ်ကြီးတွေကို မြင်ယောင်လာစေမှာအမှန်ပင်။   ထိုအချိန်မှာ ခြံကြီးရဲ့နောက်ဖေးတွင် ပြေးလွှားကစားနေကြတဲ့ ကလေးနှစ်ယောက် ကို အားကျသောမျက်၀န်းများနှင့် ငေးကြည့်နေသော ကလေးတစ်ယောက် ။ ထိုသို့သော အားကျနေသောမျက်ဝန်းတို့ကို အမြဲအမှောင်ချထားသည့်အခါ လွှတ်မြောက်ဖို့ အတွက် ကြိုးစားကြလေသည်။

' ကိုကို....ကိုကို 'ဆိုပြီး တစာစာအော်နေသော ကောင်ငယ်လေးရဲ့ အသံက တိုးလျပေမဲ့  လင်းလက်ရဲ့ အာရုံထဲမှာတော့ ကျယ်လောင်စွာ  ကြားနေရသည်။ သူ့ရဲ့အကြည့်တွေက မှန်ပြတင်းပေါက်ကနေမခွာနိူင်ဖြစ်လို့နေသည်။
လင်းလက် အပြင်ထွက်ပြီး သူတို့နဲ့ ကစားချင်သည်။ သူ့ကို မြင်သွားစေရန် အသံထွက်ပြီး အော်လိုက်ချင်သည်။ အခန်းက အလုံပိတ်ထားသည်ကို လင်းလက်မေ့ရော့နေခဲ့သည်။
ထိုအချိန်မှာ အခန်းတံခါးပွင့်လာပြီး ဦးလင်းနောင် အခန်းထဲဝင်လာသည်ကို လင်းလက် မမြင်ခဲ့ချေ။

' ဒါက ဘာလုပ်ဖို့ကြိုးစားနေတာလဲ...'

ရုတ်တရက် အနောက်ဘက်ကနေ ကြားလိုက်တဲ့အသံကြောင့် လင်းလက် တစ်ကိုယ်လုံး ကြောက်ရွံမှုကြောင့် တစ်ဆက်ဆက်တုန်သွားသည်။ လက်ထဲမှ နေကြာပန်းအရုပ်လေးကို အကြောင်းပြချက်မရှိ ဖိချေနေရင်း ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်၏ ။

ဦးလင်းနောင် သူ့ရှေ့မှာ ရပ်နေတဲ့ လင်းလက်ကို မနှစ်မြို့ သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

အဖေ့ရဲ့ စိမ်းသက်သက်အကြည့်တွေ့ကြောင့် လင်းလက် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်၏ ။ သူ့ရဲ့လုပ်ရပ်က အဖေ့ကို ဆန်ကျင်ခဲ့သည်မဟုတ်လား ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now