ဒါဟာအချစ်လား

517 42 18
                                    

အပိုင်း ( ၂၄ )

သက္ကရာဇ်အလုပ်လုပ်ပြီး နာရီကိုကြည့်လိုက်တော့ မနက်၄နာရီ ထိုးခါနီးနေပြီဖြစ်သည်။
တစ်နေကုန် လင်းလက်ရဲ့အနားမှာ နေပေးရင်းအချိန်ကုန်သွားတာမို့ ညမှဘဲ အလုပ်တွေစုပြီး လုပ်လိုက်ရသည်။
အရင်ကလည်း ထိုအချိန်ထိလုပ်နေကြဖြစ်သည့်အတွက် သက္ကရာဇ် အထွေအထူး ပင်ပန်းနေခြင်းမျိုးတော့မရှိပေ။

အိပ်ဖို့အတွက် အခန်းထဲဝင်ပြီးမှ လင်းလက်ကို
သွားကြည့်ချင်လာသည်။
လင်းလက်နှင့် တစ်အိမ်ထဲမှာ ရှိနေသည်ဆိုသော အတွေး​က သက္ကရာဇ် ကိုစိတ်လှုပ်ရှားစေပါ၏ ။

ဒေါက်....ဒေါက်....

အခန်းအတွင်းမှ တုန့်ပြန်မှုမကြားရတာကြောင့် သက္ကရာဇ် တံခါးဖွင့်ပြီး ကြည့်လိုက်၏ ။
ကုတင်ပေါ်မှာ ရေပတ်ဝတ်လေးနဲ့ အိပ်နေသော လင်းလက် နှင့်အတူ ကြမ်းပြင်းပေါ်အိပ်နေသော ဒေါ်ကြီးကိုပါ သက္ကရာဇ် တွေ့လိုက်ရပါသည်။

စောင်ပုံလေးကြားမှာ အိပ်နေသော လင်းလက်ရဲ့ နဖူးပေါ်က အဝတ်စိုကိုဖယ်လိုက်သည်။
ပြီးနောက် လင်းလက်ရဲ့ နဖူးပေါ်လက်တင်ကာ သက္ကရာဇ် စမ်းလိုက်၏ ။

' သိပ်မပူ​တော့ဘူးပဲ ´

ထိုအချိန်မှာ လင်းလက်ရဲ့ မျက်လုံးတွေကဖွင့်လာပြီး သူ့ကိုမော့ကြည့်နေလေ၏ ။

' ကိုယ့်ကြောင့်နိုးသွားတာလား?´

' မဟုတ်ပါဘူးကော ´

' အဲ့ဒါဆို ဆက်အိပ်လိုက်ဦးနော် ´

စောင်ကို လင်းလက်ရဲ့ ရင်ဘတ်နားထိ သက္ကရာဇ်ခြုံပေးလိုက်သည်။
ကုတင်နားကနေ သက္ကရာဇ်ခွာဖို့နောက်သို့လှည့်လိုက်ချိန်မှာ သူ့လက်ကို လင်းလက်က ဆွဲထားလေသည်။

' ခဏလောက်....နေပေးလို့ရမလားကော ´

အားငယ်နေသော မျက်ဝန်းလေးကြောင့် သက္ကရာဇ်ငြင်းဆန်ဖို့ အားမရှိပါလေ။

' ရတာပေါ့ ´

သက္ကရာဇ် က လင်းလက်ရဲ့ လက်ကို ဆုတ်ကိုင်ထားပြီး ကုတင်ဘေး ထိုင်လိုက်သည်။
တစ်ညလုံးအလုပ်လုပ်ထားရသောကြောင့် သက္ကရာဇ် အနားယူချင်သော်လည်း လင်းလက်ရဲ့ အနားမှာနေပေးချင်သေးသည်။
လင်းလက်အနားမှာ အဖော်ပြုပေးနေရင်း သက္ကရာဇ်လည်း ထိုနေရာမှာပဲ အိပ်ပျော်သွားတော့လေသည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now