ပထွေးလက်ကလွတ်မြောက်ခြင်း

970 55 16
                                    

အပိုင်း ( ၇ )

တစ်နေ့ပြီးတစ်နေ့ လင်းလက်လာမဲ့နေ့ကိုစောင့်နေခဲ့သည်။ နေ့ရက်များစွာသာကုန်ဆုံးသွားသည် လင်းလက်ကကျောင်းမလာသောကြောင့် မြတ်နိုးအောင် လည်း ကျောင်းတက်ချင်စိတ်မရှိသလောက်ကုန်ခမ်းနေ၏ ။
လပတ်စာမေးပွဲအတွက် အခန်းထောင့်လေးမှာ လင်းလက်ပေးခဲ့တဲ့ မှတ်စုစာအုပ်တွေကိုကြည့်နေရင်း လင်းလက်ကိုသတိရသောစိတ်များက ရင်ဘက်တစ်ခုလုံး ကို နှိပ်စက်နာကျင်စေသည်။

' နိုးနိုး '

လင်းလက်ရဲ့အသံကြားသော်လည်း မြတ်နိုးအောင်ချက်ချင်းလှည့်မကြည့်ဖြစ်ပါ ။ သူလှည့်ကြည့်ချိန်မှာ လင်းလက်ပျောက်သွားမှာကို စိုးရိမ်လို့နေသည်။

' နိုးနိုး ငါလာတာတောင်မင်းကလှည့်မကြည့်တော့ဘူးပေါ့ မတွေ့ရတဲ့အချိန်တိုလေးအတွင်းမှာ မင်းကသူစိမ်းဆန်သွားတာပဲ '
မြတ်နိုးအောင် ခပ်ဖြည်းဖြည်းအနေအထားဖြင့် လင်းလက်ဘက်သို့လှည့်လာသည်။ လင်းလက်ကို မြင်လိုက်ချိန်မှာ မြတ်နိုးအောင် စိတ်မထိန်းနိူင်ပဲ လင်းလက်ကိုယ်လုံးလေးကို သူ့ရဲ့လက်များနှင့် တင်းကြပ်စွာ ဖက်တွယ်လိုက်၏ ။
လင်းလက်ကလည်း မြတ်နိုးအောင် ကိုပြန်လည်ဖက်လိုက်၏ ။

' ငါလေ မင်းမဟုတ်မှာကြောက်လို့ လှည့်မကြည့်ရဲတာပါ ။ မင်းမရှိတဲ့နေရက်တွေက ငါ့ကိုအခုထိခြောက်လန့်နေတုန်းပဲ အဲ့ဒါကိုမင်းသိရဲ့လား ။ မျှော်နေသူက ပိုမောရတယ်ဆိုတာ အလကားထားတဲ့စကားစုမဟုတ်မှန်း ငါ့ကိုနားလည်စေခဲ့ပြီ လင်းလက် '

' ငါလည်း မင်းကိုလွမ်းပါတယ်ကွာ '

' ဟင်...ခြေထောက်ကဘာဖြစ်တာလဲ '

လင်းလက်က တခြားလူတွေမမြင်စေရန် ဘောင်းဘီအရှည်ကိုဝတ်ထားခဲ့ပေမဲ့ လူချင်းခွာသော ခဏတာအချိန်အတွင်း မြတ်နိုးအောင် မြင်ဖြစ်အောင်မြင်လိုက်၏ ။

' ဘာမှမဖြစ်ပါဘူး ချော်လဲထားလို့ပါ '

လင်းလက်က ဘာမှမဖြစ်ဘူးဆိုသော စကားကို မြတ်နိုးအောင် အကြွင်းမဲ့ယုံကြည်လိုက်ချင်သည်။ လင်းလက် ဘာပြောပြော သူလက်ခံနေသည်က အကျင့်တစ်ခုလိုဖြစ်နေသည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now