ဖွင့်ဟဝန်ခံခြင်း

90 16 0
                                    


အပိုင်း ( ၃၈ )

လက်ထဲက စာရွက်စာတမ်းတွေကိုကြည့်ပြီး လင်းလက် မယုံနိုင်လောက်အောင် အ့ံဩနေရသည်။
အစကတော့ ကောနှင့်အတူ မြို့ကိုလိုက်သွားဖို့ ပြင်နေပေမဲ့ နိုးနိုးက စကားပြောချင်သည်ဟု ဆိုလာတော့ ခြံရဲ့သီးသန့်နေရာဖြစ်တဲ့ တောင်ပေါ်မှာ သူတို့တွေ တွေ့ဆုံခဲ့ကြသည်။

' ဒါက ဘာတွေလဲ နိုးနိုး ´

နိုးနိုးပေးတဲ့ စာရွက်ပေါ်က အကြောင်းအရာများသည် လင်းလက်ကို ထိတ်လန့်သွားစေ၏ ။
မယုံကြည်သည့် မျက်လုံးများနှင့် နိုးနိုးကို မော့ကြည့်မိပေမဲ့ နိုးနိုးကတော့ တည်ငြိမ်လို့နေသည်။
အဝေးကိုမျှော်ငေးနေသည့် နိုးနိုးက မသိရင် မျက်လုံးအမြင်ပြန်ရနေသလိုပင် ။

' ဒါတွေက ဘာတွေလဲ ။ ငါ့ကို ရှင်းပြနိုင်မလား ´

လင်းလက်နောက်တစ်ကြိမ်ထပ်မေးမိသည်။ အဝေးသို့မျက်နှာမူနေသည့် မြတ်နိုးအောင်အကြည့်များက လင်းလက်ထံလှည့်လာ၏ ။

' မင်းအဖေ အကြွေးနစ်နေတဲ့အချိန်ကစပြီး ငါ တစ်ဖက်တစ်လမ်းက ကြိုးစားခဲ့တယ် ။ ရာသီပေါ် အသီးတွေစိုက်ပျိုးခဲ့တယ် ။ ဒါပေမဲ့ ဒီဝင်ငွေလေးနဲ့ အကြွေးကျေဖို့ဆိုတာ ရေပေါ်အရုပ်ရေးသလိုပဲ အရာမထင်မှန်း ငါနားလည်ခဲ့တယ် ။ ငါနောက်တစ်မျိုးကြံကြည့်ခဲ့တယ် ။ ဒီခြံကြီးကို အပန်းဖြေလာကြဖို့ ငါကမ်းလှမ်းချက်ကို ဘယ်သူကမှ လက်မခံခဲ့ဘူး ။ ဘာလုပ်လုပ်မအောင်မြင်တဲ့ နောက်မှာ ရှားပါးပန်းမျိုးစေ့တွေကိုရှာပြီး ငါ စိုက်ပျိုးခဲ့တယ် ။ ကံကောင်းတယ်ပြောရမလားပဲ ငါစိုက်တဲ့ပန်းတွေက တမူထူးခြားပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို ခံလိုက်ရတယ် ။ ငါ မင်းနဲ့ နီးဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ပေမဲ့ ငါ မင်းနဲ့နီးဖို့ကြိုးစားလေလေ မင်းနဲ့ ဝေးကွာသွားလေလေဖြစ်နေမှန်း အချိန်တစ်ခုကြာမှ ငါသိလိုက်ရတယ် ´

မြတ်နိုးအောင်ရဲ့ ရင်ဖွင့်သံကို နားထောင်ရင်း လင်းလက် ရင်ထဲမွန်းကြပ်ကာ နှလုံးသားလေးက နာကျင်လာသည်။
နိုးနိုးကို နှစ်သိမ့်ပေးချင်ပေမဲ့ သူ မဝံ့မရဲ ဖြစ်နေ၏ ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now