မျှော်လင့်မထားသော ကံကြမ္မာဆိုး

535 54 28
                                    

အပို်င်း ( ၉ )

ပြင်ဦးလွင်မြို့နှင့် ၁၃မိုင်အကွာအဝေး ရှိ ထင်းရူးပင်များ ဝန်းရံထားသည့် ခြံကြီးထဲတွင် ရှိုင်းလက်ရဲ့ မွေးနေ့ပွဲအတွက် ပြင်ဆင်နေကြ၏ ။ ထိုမွေးနေ့ပွဲတွင် လင်းလက်ပါ ပါဝင်မှာဖြစ်သည့်အတွက် မြို့နဲ့အဝေးဆုံးနေရာကို ဦးလင်းနောင် စီစဥ္လိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ ရှိုင်းလက်အတွက် သီးသန့်အိမ်မှာ ပွဲတစ်ပွဲလည်း ဦးလင်းနောင် စီစဥ္ထားသေး၏ ။

ညရဲ့ အမှောင်ထုကို အားကိုးပြုကာ ခြံကြီးရဲ့ ရှေ့မျက်နှာပြင် တစ်ခုလုံး ရောင်စုံ မီးသီးများနှင့် အလှဆင်ထား၏ ။
အလွှာအသီးသီးမှ ရောက်လာကြသော လူများက ဦးလင်းနောင်ရဲ့ ခြံကြီးကို ရင်သက်ရှုမော ဖြင့် ကြည့်နေသည်ကို သူတို့ရဲ့ မျက်လုံးများကတဆင့် သိနိုင်သည်။

ပွဲထဲတွင် အနက်ရောင်အနောက်တိုင်း ဝတ်စုံလေးနှင့် လူများအလယ် ထင်းနေသည့် ရှိုင်းလက်
ဦးလင်းနောင်ကလည်း သူ့ရဲ့သားလေးကို အသိမိတ်ဆွေများနှင့် မိတ်ဆက်ပေးနေသည်။

ကိတ်ခွဲချိန်ရောက်သည်အထိ လင်းလက်ကပေါ်မလာခဲ့သည့်အတွက် ရှိုင်းလက်က ဦးလင်းနောင်အနား တိုးကပ်ကာ လေသံတိုးတိုးလေးဖြင့်

' ဖေဖေ ညီလေးရော ခေါ်ရအောင်လေ '

' တိတ်တိတ်လေးနေစမ်း ရှိုင်းလက် '

အဖေ့ရဲ့ အံကြိတ်ပြောသော အမိန်သံကို ရှိုင်းလက် ကြားလိုက်ချိန်မှာ သူ့ရဲ့မျက်နှာပေါ်မှာအပြုံးတို့ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှာ ရှိုင်းလက်ထံ တန်းမတ်စွာလာနေသော အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသည့် သက္ကရာဇ်က သူ့ညီရဲ့ မရွှင်မလန်း မျက်နှာလေး ဖြစ်နေသည်ကို တွေ့လိုက်ရ၏ ။
သက္ကရာဇ်က ရှိုင်းလက်ရဲ့ဘေးသို့ ယှဉ္ တွဲ ရပ်လိုက်ချိန်မှာတော့ သူတို့နှစ်ဦးရဲ့ လိုက်ဖက်ညီစွာ ရှိနေမှုကို ပွဲလာသူလူအပေါင်း မြင်တွေ့လိုက် သည်။

' ညီ...မွေးနေ့မှာပျော်ရွှင်ပါစေ '

သက္ကရာဇ် ရဲ့ ဆုတောင်းသံနဲ့အတူ ရှိုင်းလက်ရဲ့ မြင်ကွင်းထဲသို့ လင်းလက်သည့် အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now