ထိပ်တိုက်တွေ့ဆုံခြင်း

477 43 15
                                    

အပိုင်း ( ၁၄ )

မနေ့ကညတည်းက ဦးလင်းနောင်တစ်ယောက် စိတ်တွေ ကယောက်ကယက်ဖြစ်နေသည်။
အကြောင်းကတော့ သူစီးပွားရေးလုပ်ခဲ့စဥ္အချိန်က သီဟ အိမ်ခြံမြေလုပ်ငန်းထံမှာ ဦးလင်းနောင် အကြွေးတင်နေခဲ့၏ ။
သီဟ အိမ်ခြံမြေလုပ်ငန်းက အရင်ကတည်းက ပြင်ဦးလွင်မြို့မှာ နာမည်ပျက်နဲ့ နာမည်ကြီးသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

အချိန်အကြာကြီး အောင်းနေပြီး အခုမှအကြွေးကို အတိုးနှင့်တောင်းသည့်အတွက် ဦးလင်းနောင် ကြံရာမရ ပေါက်ကွဲမိလေသည်။
ပိုင်ဆိုင်တာဆိုလို့ ထင်းရှုးခြံပဲ ကျန်နေသည်မို့ သားငယ်လေးရှိသည့်ခြံကို ဘယ်လိုမှ လက်လွှတ်ဆုံးရှုံးမခံနိူင်ပါ ။

ဦးလင်းနောင်တစ်ယောက် အကြွေးဆပ်ဖို့အတွက် ကြံရာမရဖြစ်နေမိသည်။ သိန်း၁၀၀၀ဆိုသည့်အားက အရင်က ဦးလင်းနောင်အတွက် ပြဿနာမရှိသော်လည်း အခုဦးလင်းနောင်အတွက် ခေါင်းကြီးစရာ ငွေပမာဏပင်ဖြစ်သည်။
ပူလောင်လွန်းသည့် အတွေးတို့ကြောင့် ဦးလင်းနောင် စိတ်တွေ ရှုပ်ထွေးလို့နေ၏ ။

စားပွဲပေါ်အသင့်တင်ထားတဲ့ အရက်ခွက်ကို လှမ်းကိုင်လိုက်ပြီး ပြတင်းပေါက်ရှိရာသို့ ဦးလင်းနောင် လှမ်းလာလိုက်သည်။
ဘယ်သောအခါမှ ဖွင့်လေ့မရှိသော ပြတင်းပေါက် လိုက်ကာကို ဖွင့်လိုက်ချိန်မှာ ခြံထဲမှာ ထိုင်ပြီး စကားပြောနေသော ကလေးနှစ်ယောက်ပုံရိပ်က ဦးလင်းနောင် မြင်ကွင်းထဲ တိုးဝင်လာ၏ ။

ခြံထဲမှာ မြတ်နိုးအောင်အလုပ်လုပ်ရင်း အကြံတစ်ခုပေါ်လာခဲ့သည်။
ထိုအရာကတော့ ထင်းရှုးခြံကို social media မှာတင်ပြီး ကြေငြာဖို့ပင်ဖြစ်၏ ။
အခုလတ်တလော onlineပေါ် တင်ပြီး ပြောကြဆိုကြတာ ခေတ်စားနေသည်မို့ မြတ်နိုးအောင် ထိုအခွင့်အရေးကို လက်လွှတ်မခံပဲ အရယူဖို့ ကြိုးစားနေခြင်းဖြစ်သည်။

' နိုးနိုး ဘာတွေလုပ်နေတာလဲ ?´

လက်ထဲမှာ ဖုန်းမကိုင်နိူင်လောက်အောင် အလုပ်ကိုကြိုးစားနေတက်သည့် မြတ်နိုးအောင်က အခု ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်ကို လင်းလက် အ့ံဩစွာ မေးလိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now