ကံကြမ္မာက ဘက်လိုက်လွန်းသည်

477 50 11
                                    

အပိုင်း  ( ၈ )

လပတ်စာမေးပွဲကြီးရဲ့ ရမှတ်တွေကို ကြည့်ပြီး ရှိုင်းလက်ပျော်နေသည်။ အဖေ့ကိုပေးသည့်ကတိအတိုင်း အရင်လပတ်စာမေးပွဲရဲ့ စုစုပေါင်း ရမှတ်ထက် ၁၀မှတ်ပိုရခဲ့သည်။ ဒါတင်မကသေး အဆင့်ကလည်း ရှေ့ကို ၂ဆင့်လောက်ခုန်တက်ခဲ့သည့်အတွက် ရှိုင်းလက် က သူ့ ရဲ့ ရလဒ်ကို ပြဖို့အတွက် အဖေရဲ့ အခန်းကိုသွားလိုက်သည်။
သို့ပေမဲ့ အခန်းထဲတွင် အဖေရှိမနေပါ ။အိမ်ထဲတွင် သီးသန့် အလုပ်ခန်းရှိတာကြောင့် အဖေက အခန်းထဲမှာမရှိလျှင် ထိုအခန်းမှာရှိနေတက်သည်။
အဖေ့ရဲ့အလုပ်ခန်းရှေ့မှာ ရှိုင်းလက် ရောက်နေတာကြာ ခဲ့လေပြီ ။ အခန်းထဲက ဒေါသထွက်နေသော အဖေ့အသံကို အခန်းအပြင်ဘက်ကနေ အတိုင်းသားကြားနေရသည့်အတွက် ရှိုင်းလက် အခန်းထဲဝင်ဖို့ တွန့်ဆုတ်နေ၏ ။

ထိုအချိန်မှာအခန်းထဲကထွက်လာသော ဦးလင်းနောင်နဲ့ အခန်းရှေ့စောင့်နေသော ရှိုင်းလက်တို့ ထိတ်တိုက်တွေ့ဆုံပါတော့သည်။

' ဖေဖေ သားရဲ့ ရီပို့ကဒ် ´

လက်ထဲက စာရွက်ကို အဖေ့ထံ ရှိုင်းလက်ကမ်းပေးလိုက်၏ ။
ဉီးလင်းနောင်က ရိှုင်းလက်ပေးသော ရီပို့ကဒ်ကို ကြည့်ပြီး မျက်မှောင်ကြုပ်သွား၏ ။ အလုပ်ကအဆင်မပြေ စက်ရုံက ပြဿနာတက်နေသည့် အတွက် ဉီးလင်းနောင် စိတ်ရှုပ်ထွေးနေသည်။ ရှိုင်းလက် ရဲ့ ရီပို့ကဒ်မြင်လိုက်ချိန်မှာ စိတ်ပျက်မှုနဲ့အတူ ဒေါသတွေပါလာခဲ့သည်။

' မင်းက ဒီရလဒ်တွေကို ဂုဏ်ယူပြီး ငါ့ကိုလာပြရဲတယ် ၊ ရှိုင်းလက် မင်းတကယ်ပဲ.....´

မွေးကတည်းက အခုချိန်ထိ တစ်ခါလေးမှ အဆူမခံရဖူးသော ရှိုင်းလက်အဖို့ ဦးလင်းနောင်အသံကြောင့် လန့်သွားကာ မျက်ရည်များကချက်ချင်း မျက်နှာပေါ်စီးဆင်းလာ၏ ။

' ဖေဖေ သားသားကိုဆူတယ် ၊ သားကိုဆူတယ်...အီးဟီး......´

ရှိုင်းလက် ဘဝမှာ အဖေ့ကိုသာ အားကိုးတွယ်တာရင်းနေခဲ့ရသည့်အတွက် အခုလိုအဆူခံရချိန်မှာ ဝမ်းနည်းစိတ်တို့က လှိုက်တက်လာသည်။

ရှိုင်းလက် အဖေ့အနားကနေ ထွက်ပြေးပြီး အခန်းထဲဝင်လိုက်၏ ။ ကုတင်လေးပေါ်ပြေးတက်ကာ ခေါင်းအုံးကိုဖက်ပြီး ရှိုင်းလက် ဝမ်းနည်းစွာငိုနေမိသည်။ ဒီလိုအဆင့်ရောက်ဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလည်းဆိုတာ ရှိုင်းလက် ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now