မခေါ်ဘဲရောက်လာသည့်ဧည့်သည်

444 35 6
                                    


အပိုင်း ( ၂၇ )

ကိုဇေရဲ့igမှာတင်ထားသော နူးညံသိမ်မွေ့သည့် လက်နှစ်ဖက်ယှဥ္ဟပ်နေပုံကို သီရိ အချိန်အကြာကြီးစိုက်ကြည့်နေမိပါ၏ ။
ထိုသို့နူးညံသည့်အရာများကို မလုပ်ဆောင်တက်သည့် ကိုဇေထံမှ နူးညံခြင်းများကို ရှာဖွေတွေ့ချိန်မှာ သူမ အ့ံဩမိပါသည်။
ပြီးတော့ ကိုဇေကိုပြောင်းလဲအောင် လုပ်နိုင်သည့် လူကိုလည်း သူမ သိချင်ပါသည်။

ကိုဇေနားတစ်လျှောက်လုံးနေလာခဲ့သည့် မိမိ မရရှိခဲ့တဲ့ မြတ်နိုးခြင်းများကို နောက်မှရောက်လာတဲ့လူတစ်ယောက်ကယူဆောင်သွားသည့်အတွက် နည်းနည်းတော့ ဒေါသထွက်မိသည်။
တကယ်ဆို ဒီပုံထဲကလက်က မိမိရဲ့လက်ပဲဖြစ်နေသင့်တယ်မဟုတ်လား ။

ဒါဟာအတ္တလို့ပြောရင်လည်း ခံယူလိုက်မယ် ။ ကိုဇေကိုရဖို့ဆို ဘာမဆို ကျွန်မလုပ်နိုင်သည်။

' ဟဲလို ....ဦးကောင်းလား သမီး သီရိပါ ´

' ​ေဩာ် ...သမီးလေးပြောလေ ´

' သမီးလေ ဦးကိုတောင်းဆိုစရာလေးရှိလို့ပါ ။အဲ့ဒါလေးပြောချင်လို့ ဦးအလုပ်အားရဲ့လား ?´

' အားပါတယ် သမီးရဲ့ ပြောစရာရှိတာပြောပါ ´

' သမီး ကိုဇေကို မေတ္တာရှိနေတယ် ။ အဲ့ဒါ ဦး သဘောတူသလား ဒါမှမဟုတ် ..... ´

' သဘောတူတာပေါ့ သမီးရယ် ။ သိပ်ကို သဘောတူတာပေါ့ ´

သီရိစကားမဆုံးခင်မှာပဲ ဦးကောင်းက ဝမ်းမြှောက်စွာ ဖြတ်ပြောမိတော့၏ ။
သားကို သီရိလို အမျိုးသမီးကောင်းလေးနှင့် ထိမ်းမြှားပေးချင်သည်မှာ မိမိရဲ့ မျှော်လင့်ချက်ထဲက တစ်ခုမဟုတ်လား ။

' တကယ်လား ဦး ´

' တကယ်ပေါ့ကွယ် ။ ဦးအလုပ်ပြီးတဲ့အချိန် သမီးကို အကြောင်းကြားလိုက်မယ် ။ ခြံကို လာလည်ပေါ့ ´

' ဟုတ်ကဲ့ဦး ´

ဦးကောင်းနှင့် ဖုန်းပြောလို့အပြီးမှာ သီရိဝမ်းသာစွာဖြင့် သီချင်းဆိုညီးရင်း ရေချိုးခန်းထဲ ပြေးဝင်လိုက်၏ ။
ကိုဇေဆီ သွားလည်သည့်အချိန် အလှဆုံးဖြစ်ဖို့ စျေးဝယ်ထွက်ရမည် မဟုတ်လား ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now