အချစ်ကနာကျင်မှုတစ်ခုပေလား

265 23 18
                                    

အပိုင်း ( ၃၅ )

မိမိဘေးသို့ အလိုလိုရောက်လာသည့် ထီလက်မှတ်တစ်စောင်ကြောင့် တိမ်လွှာ စိတ်တွေ ရွှင်လန်းနေသည်။
ထိုထီလက်မှတ်က ရိုးရိုးဆုမဲမျိုးတော့မဟုတ် အချီကြီးရမဲ့ လက်မှတ်ဖြစ်တာကြောင့် အလွဲအမှားမဖြစ်လေအောင် စနစ်တကျ လှုပ်ရှားမှဖြစ်မည်။

'ရော့.....ဒါလေးသောက်လိုက် ´

တိမ်လွှာပေးလိုက်သော အရက်ခွက်ကိုတစ်ချိီတည်းမော့သောက်လိုက်သည့်ဇေယျာထူးကို ကြည့်ပြီး တိမ်လွှာပျော်ရွှင်မှုတွေက မျက်နှာတွင် ဖုံးမရဖိမရပေါ်လွန်လာ၏။

' ရော့ ...နောက်တစ်ခွက် ထပ်သောက်လိုက်ပါအုံး ´

တိမ်လွှာက ခွက်အလွတ်ထဲသို့အရက်ထည့်ထပ်ပေးလိုက်သည်။
ဇေယျာထူးကလည်း ထိုခွက်ကိုယူပြီး သောက်ဖို့ ပြင်နေချိန်မှာ အရက်ခွက်ကိုလုယူသော လက်တစ်စုံကြောင့် ဇေယျာထူးနှင့်အတူ တိမ်လွှာပါ ထိုလက်ပိုင်ရှင်ကို မော့ကြည့်လိုက်လေသည်။

အရက်ကို လူမသိသူမသိတဲ့အထိ သောက်နေသည့် ဇေယျာထူးကြောင့် မြတ်နိုးအောင် ဒေါသထွက်ရသည်။
၃ရက်....၃ရက်အတွင်း မစားနိုင်မအိပ်နိုင်ဖြစ်တဲ့အထိ ဇေယျာထူးကို သူလိုက်ရှာခဲ့ရသည်။
အရင်က ဇေယျာထူးသွားတက်သည့်နေရာတွေအစုံ သူလိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ ။
နောက်ဆုံးတော့ သူကြောက်သည့် အရက်ဆိုင် ဘားဆိုင်လိုနေရာမျိုးမှာ သူ မြတ်နိုးရသည့်လူကို ရှာတွေ့ခဲ့သည်။

' ကို~~´

' လာ...အခုချက်ချင်းထ ´

ဒေါသကြောင့်နီရဲနေသည့် မြတ်နိုးအောင်မျက်နှာကိုမြင်လိုက်သည့် ဇေယျာထူးက လက်ကိုပုတ်ထုတ်ကာ လိုက်ဖို့ငြင်းဆန်လိုက်၏ ။
ဇေယျာထူးငြင်းလိုက်သည်နှင့်တပြိုက်နက် မြတ်နိုးအောင် က ပို၍ အရိုင်းဆန်လာသည်။
စားပွဲရဲ့အတွင်းဘက်ထိုင်ခုံမှာထိုင်နေသည့် နေရာအထိ တိုးဝင်လာကာ ဇေယျာထူးအားဆွဲခေါ်လေတော့သည်။

' သူမလိုက်ချင်ဘူးလို့ ငြင်းနေတယ်လေဗျာ ´

' ငါ မင်းနဲ့စကားမပြောချင်ဘူး ´

မြတ်နိုးအောင်ရဲ့ တိကျပြတ်သားသည့်စကားကြောင့် တိမ်လွှာရင်ထဲကမနာလိုစိတ်တွေ ထကြွလာသည်။
သူများခြံမှာ အလုပ်လုပ်သည့် ကလေကချေလိုကောင်မျိုးက သူ့ကိုအော်ဟစ်နေလေသည်။
ဒါဟာ သူ့ကိုအထင်သေးလို့ပဲဟု တိမ်လွှာ ခံစားမိလိုက်သည် နှင့်တပြိုင်နက် မျက်စိခဏကစားလိုက်ပြီး barလုံခြုံရေးကို လှမ်းခေါ်လိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now