မင်းသာပျော်ရွှင်မယ်ဆို အကုန်စွန့်လွှတ်ရဲပါတယ်

640 28 9
                                    

အပိုင်း ( ၃၂ )

' ဦးလေး အထဲဝင်လို့မရဘူး ´

ရုံးခန်းရှေ့မှ ဆူညံသည့်အသံတစ်ချို့ကြောင့် ဦးကောင်း အပြင်ထွက်ကြည့်လိုက်၏ ။
အင်္ကျီခပ်နွမ်းနွမ်းဝတ်ထားသည့် လူတစ်ယောက်ကို ဦးကောင်းမြင်လိုက်ရချိန်မှာ စိတ်ရှုပ်စွာ မျက်မှောင်ကြုပ်မိသည်။
ထိုလူကတော့ ဦးကောင်းနှင့် ဆန်ကျင့်ဘက်အသွင်ဖြင့်  ဝမ်းသာအားရနှင့် ဦးကောင်းထံ ချဥ္းကပ်လာသည်။

' မသိသူ ဝင်လာရင် လုံခြုံရေးခေါ်ရမယ်ဆိုတာ မသိတာလား ? ´

အတွင်းရေးမှူးက  လုံခြုံရေးတွေကိုခေါ်ဖို့ ခလုတ်ကိုနှိပ်ဖို့ပြင်လိုက်သည်။
ဦးကောင်းမြတ်သည် သူ့ရဲ့လက်ထဲက စက္ကူအိတ်ကို လေပေါ်ဝဲမြှောက်လိုက်ပြိီး

' ဒီအိတ်ထဲမှာ ဘာတွေပါလဲဆိုတာ မသိချင်ဘူးလား ဗျ ။ လုံခြုံရေးခေါ်ရင်နောက်ဖြစ်လာမဲ့ အကျိုးဆက်ကို ခင်ဗျားပဲ ခံရမှာနော် ဦးကောင်း ´

ဘာမဟုတ်တဲ့ လူတစ်ယောက်က ချိန်းခြောက်ခြင်းကို ခံလိုက်ရချိန်မှာ ဦးကောင်းရဲ့ အကြည့်တွေက စူးရှကာ ကျဥ္းမြောင်းသွား၏ ။
ခြောက်တိုင်းကြောက်မဲ့ လူစားမျိုးမဟုတ်သည့်အတွက် ရုံးခန်းအတွင်းဝင်ရန် ဦးကောင်း ခြေလှမ်း စလိုက်ချိန်မှာ လုံခြုံရေးတွေ တားဆီးခံရသည့်ကြားမှ ထိုလူရဲ့အော်သံက ထွက်ပေါ်လာသည်။

' ခင်ဗျားသားရဲ့အကြောင်းတွေနော် ။ တကယ်မသိချင်တာလား ?´

ရုံးခန်းထဲမဝင်ဘဲ နားစွင့်နေသည့် ဦးကောင်းကြောင့် ဦးကောင်းမြတ်ရဲ့ မျက်နှာတွင် အပြုံးတို့ လင်းလက်သွားကာ စကားကိုဆက်ပြောဖို့ အားတက်သွားသည် ။

' ကျွန်တော်ပြမဲ့အရာက ဦးကောင်းကို အထောက်အကူပြုမဲ့အရာတွေပါ ။ မကြည့်ရင်တော့ နောင်တရသွားမလားဘဲ ´

' အခန်းထဲလိုက်ခဲ့ ´

ဦးကောင်းရဲ့ အမိန့်သံအဆုံးမှာ ဦးကောင်းမြတ်က လုံခြုံရေးလက်အတွင်းမှ ရုန်းထွက်ကာ အင်္ကျီကိုပြင်ရင်း ရုံးခန်းအတွင်းသို့ ဝင်သွားလိုက်၏ ။

၁၅မိနစ်လောက်အကြာမှာ ဦးကောင်းမြတ်ရုံးခန်းအတွင်းမှ ထွက်လာသည်။ ပုံစံက မြှောက်ကြွားကြွားဖြစ်နေပြီး လိုချင်တာရလာဟန်တူသည်။
စောစောက သူ့ကိုချုပ်ဖို့လုပ်နေသော လုံခြုံရေးဖက်သို့ ဦးကောင်းမြတ် လှည့်ကာ

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now