ထိန်းချုပ်ထားသောစိတ်ဝိဉာဉ္

484 41 26
                                    

အပိုင်း ( ၁၉ )

ဦးလင်းနောင်သေဆုံးသည့်အချိန်မှစ၍ မြတ်နိုးအောင်တို့သားအမိသည် အိမ်ကြီးဆီသို့ ပြောင်းရွေ့လာခဲ့၏ ။ရက်သတ္တပတ်အကြာမှာ အိမ်ကြီးထဲရှိလူများ ပြောင်းလဲသွားပေမဲ့လည်း ထင်းရှုးခြံကြီးက နဂိုအတိုင်း လှပနေမြဲပင်။

ထင်းရှုးခြံထဲမှာ ထွက်သမျှသစ်သီးများက စျေးကောင်းရသည့်အတွက် စီးပွားရေးအခြေအနေသည် တစ်ပတ်အတွင်းသိသာပြောင်းလဲလာ၏ ။
ဒီနေ့ နိုးနိုးနဲ့အတူ မြို့ထဲသွားပြီး သစ်သီးစျေးကွက်ကို လေ့လာရန် လင်းလက် တက်ကြွနေသည်။
ဖေဖေ့ရဲ့အကြွေးများကိုဆပ်ပေးပြီး ဖေဖေချစ်တဲ့ ထင်းရှုးခြံကို လင်းလက်ကာကွယ်ပေးချင်ပါသည်။

လင်းလက် အိမ်အောက်သို့ဆင်းလာချိန်မှာ ဧည့်ခန်းထဲမှာ တစ်ခါမှ မမြင်ဖူးသော သူစိမ်းများရောက်နေသည်ကိုတွေ့လိုက်ရသည်။
ယခင်က ဖေဖေထိုင်သည့် ထိုင်ခုံပေါ်တွင် ဇေယျာထူးက အခန့်သားထိုင်နေလေ၏ ။
ထိုလူတွေဘေးမှာရပ်နေကြသည့် ဒေါ်ကြီးနှင့် နိုးနိုးရဲ့ မျက်နှာကလည်းမကောင်း။
လင်းလက် သိချင်စိတ်တွေပြင်းပြစွာဖြင့် ဧည့်ခန်းထဲသို့ အမြန်သွားလိုက်၏ ။

' သူ​ေဋ္ဌးလေးဆင်းလာပြီကိုး ၊ ကျွန်တော် နေရာဖယ်ပေးဖို့လိုလားဗျ '

ရွတ်နောက်နောက် ဇေယျာထူး၏ ဆီးကြိုစကားကြောင့် မြတ်နိုးအောင် မျက်မှောင်ကြုပ်မိသွားသည်။
ဒီကောင်လေးက လင်းလက်အပေါ် ဆက်ဆံပုံကအချိုးမပြေ သည့်အပြင် မျက်လုံးများကအငြိမ်မနေ အိမ်အနှ့ံကို ကစားလို့နေသည်။
ဝတ်စားထားပုံကလည်းအချိုးပြေမနေပါ ။ ခြံထဲမှာ ဆုံတွေ့ခဲ့သော ပုံစံနှင့် ကွဲလွဲစွာ ဇေယျာထူး၏ ဆံပင်ကအနက်ရောင်မဟုတ်တော့ဘဲမဟော်ကနီရောင်ကို ပြောင်းထားသည်။ နားတစ်ဖက်က နားကပ်အရှည်ကိုဆွဲထားပြီး စကားပြောလိုက်လျှင် လျှာဖျားမှာတပ်ထားသော စိန်လုံးလေးကလင်းလက်သွားလေသည်။
ဇေယျာထူးပုံစံက မြေခွေးပေါက်လေးတစ်ကောင်လို သားကောင်ကို လှည့်ဖျားလိုသည့် အသွင်သဏ္ဍာန်ပေါ်နေသည်။

သိုးမွေးအဖြူထည်လေးနှင့် လင်းလက်ကတော့ ယုန်ငယ်လေးအသွင်ဖြင့် မြေခွေး၏ ကျော့ကွင်းမှာ ရစ်ဝဲနေဟန် ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now