ရှုပ်ထွေးနေသော ခံစားချက်များ

477 42 31
                                    

အပိုင်း ( ၂၁ )

အလုပ်တွေပြီးလို့ လေဆိပ်ကိုရောက်နေသော သက္ကရာဇ် က ခုံတန်းပေါ်မှာ ထိုင်နေလေသည်။
မနေ့ညက ကိုမျိုးပို့လိုက်တဲ့ mailစာစောင်ကြောင့် ပြင်ဦးလွင်ကို ပြန်ချင်စိတ်တွေ ပြင်းပြလို့နေ၏ ။
သူမရှိတဲ့အတောအတွင်း လင်းလက်က အခက်အခဲကြားထဲကျရောက်နေခဲ့သည်။
ရှိုင်းလက်ရဲ့ မွေးနေ့လည်းရောက်တော့မှာမို့ သက္ကရာဇ် လက်ဆောင်ဝယ်ဖို့စဥ္းစားရင်း လင်းလက်အတွက်ပါဝယ်ဖြစ်ခဲ့သည်။
ရှိုင်းလက်အတွက် ပန်းချီကားတစ်ချပ်ဝယ်လာပြီး လင်းလက်အတွက်တော့ နေကြာပန်းဆွဲကြိုးလေး ဝယ်ဖြစ်ခဲ့သည်။

နေကြာပန်းဆွဲကြိုးလေးကို သက္ကရာဇ်ထုတ်ကြည့်ပြီး နှုတ်ခမ်းများကအလိုလို ပြုံးလာသည်။
ဒီဆွဲကြိုးလေးနဲ့ လင်းလက်ပျော်ရွှင်နေပုံကို မျက်လုံးထဲမြင်ယောင်လာခြင်းကြောင့်ဖြစ်၏။

မနက်ခင်းရဲ့ နေရောင်ခြည်က ပျဥ္ထောင်ပျဥ္ပြားကြားထဲမှ တိုးဝင်ကာ လင်းလက်ထံကျရောက်နေသည်။
မနေ့ညက အိပ်ယာပြောင်းဖြစ်သည့်အတွက် လင်းလက် တော်တော်နဲ့ အိပ်မပျော်ခဲ့ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားလေသည်။

' လင်းလက် ဒီနေ့မြို့ထဲလိုက်မှာဆို ´

အခန်းအပြင်ဘက်က နိုးနိုးအသံကြောင့် လင်းလက် နိုးထလာခဲ့သည်။
မနေ့က ကိုမျိုးပေးခဲ့သည့်ချက်လက်မှတ်ကို ပြန်ပေးဖို့အတွက် မြို့ထဲသွားရင်ခေါ်ဖို့ နိုးနိုးကိုညက ပြောထားသောကြောင့် ဖြစ်၏ ။

' ဟင်...အင်း ´

လင်းလက်အခန်းထဲကထွက်လာတော့ မြတ်နိုးအောင်ကိုကြည့်လိုက်သည်။
မနေ့ညက အရိုက်ခံထားရသော မျက်နှာကဖူးယောင်နေ၏ ။

' အရမ်းနာနေလား နိုးနိုး ။ မင်းကိုကြည့်ရတာ အဆင်မပြေလိုက်တာ ´

ညိုးငယ်သော မျက်နှာလေးနှင့် သူ့မျက်နှာအား ထိတွေ့နေသော လင်းလက်ရဲ့လက်ချောင်းလေးများကို မြတ်နိုးအောင် တယုတယဆုတ်ကိုင်လိုက်၏ ။
ထိုသို့သော လင်းလက်ရဲ့အမူအရာလေးနဲ့ပင် သူ့ရဲ့ရောဂါက တစ်ဝက်လောက်သက်သာနေပြီ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now