ပျော်ရွှင်မှုတွေကို တိတ်တဆိတ် ငေးကြည့်ခြင်း

543 61 6
                                    

အပိုင်း ( ၄ )

လင်းလက် ကျောင်းက ပြန်လာခဲ့သည်။  အိမ်မှာ ရှိုင်းလက်နဲ့ သက္ကရာဇ် တို့ ကစားနေတာကို တွေ့တော့ သူ့ကို ဒေါ်ကြီးက အိမ်ထဲပေးမဝင်ခဲ့ပါ ။ ဒေါ်ကြီးက သူ့ကို ခြံအပြင်ဘက်ခဏထားပြီး ရှိုင်းလက်တို့ရှိရာကို သွားလိုက်၏ ။

' အစ်ကိုလေးတို့ အိမ်ထဲဝင်ကစားကြလေ နေအရမ်းပြင်းလို့ အပူရှပ်ပြီး နေမကောင်းဖြစ်နိူင်တယ် '

ဒေါ်ကြီးက ကလေးနှစ်ယောက် ကို အိမ်ထဲသို့ ခေါ်သွားချိန်မှာတော့ ဦးထွန်းက လင်းလက်ကိုခေါ်ကာ အိမ်အပေါ်ထပ်ကို အမြန်ပဲ ခေါ်သွားတော့သည်။

ရှိုင်းလက် အိမ်ထဲမှာ ဒေါ်ကြီးအလစ်ချောင်းပြီး အိမ်နောက်ဖေးကို သက္ကရာဇ် ကိုပါ ခေါ်သွားလိုက်သည်။ ဦးထွန်းရဲ့ဘေးမှာ လက်ဆွဲပြီး လိုက်ပါလာသော ကလေးကို ရှိုင်းလက် သေချာကြည့်ပြီး

' ကိုကို.....အဲ့ဒါ သားညီလေး လင်းလက်တဲ့ '

ရှိုင်းလက်မိတ်ဆက်ပေးတဲ့ ကလေးကို သက္ကရာဇ် ကြည့်လိုက်၏ ။ ထိုကလေးလေးက မျက်နှာအသွင်အပြင်တို့က ရှိုင်းလက်နဲ့  ခွဲမရအောင်တူပေမဲ့ သူ့ပုံစံလေးကတော့ ရှိုင်းလက်နဲ့မတူ တည်ငြိမ်နေသည်။ ရှိုင်းလက် က အသားဖြူ ပေမဲ့ ထိုကလေးရဲ့အသားက နို့နှစ်ရောင်ဘက်သန်းနေသည်။

' သူ့ကို ဘာလို့ ညီနဲ့အတူ မ​နေခိုင်းပဲ သီးသန့်ထား တာလဲ '
သက္ကရာဇ် ရဲ့ မေးခွန်းအဆုံးမှာ ရှိုင်းလက် မျက်နှာက ညိုးငယ်သွား၏ ။ အချိန်ခဏလောက် တိတ်ဆိတ်သွားပြီး အကြာမှာ

' လင်းလက် က ဂြိုလ်ကောင်လေးတဲ့ ဒယ်ဒီက သူနဲ့မပတ်သက်ဖို့်အမြဲပြောပေမဲ့  သား ညီလေးကို ကျောင်းဆင်းတိုင်း တိတ်တိတ်လေးကြည့်မိတယ် ၊ သူပြုံးနေရင် သားလည်းပျော်တယ် ကိုကို '

ညိုးငယ်သောမျက်နှာနဲ့ ရှိုင်းလက် ကို သက္ကရာဇ် ဂရုဏာသက်၍ ကိုယ်လေးကိုထွေးပွေ့မိ၏ ။ ထိုကလေးစိတ် ငြိုငြင်မှာ ကို သူ မလိုလားပေ ။

' ကိုကို သားလေ ညီလေးကို ပျော်အောင်ထားချင်တယ် '

ရှိုင်းလက်လေးဖြစ်ချင်တဲ့ဆန္ဒတွေကို သူအကုန်လုပ်ပေးလို့ရရင်လုပ်ပေးချင်သည်။ သို့ပေမဲ့ အခုချိန်မှာ သက္ကရာဇ် လုပ်ပေးနိူင်တာက ကလေးကို နှစ်သိမ့်ပေးဖို့အပြင်မရှိချေ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now