ပထမဆုံးတွေ့ဆုံခွင့်

552 58 6
                                    

အပိုင်း ( ၆ )

စာမေးပွဲဖြေ ဖို့အချိန်က ၁ပတ်လောက်သာကျန်တော့သည်။ မြတ်နိူးအောင် လင်းလက် ကျောင်းအလာကို​ကျောင်းရှေ့တစ်နေရာကနေ အမြဲ​စောင့်နေပေမဲ့ ရောက်ရှိလို့မလာပေ။ လင်းလက်ကျောင်းမလာသောရက်ပေါင်း ၁၀ရက်မျှရှိနေလေပြီဖြစ်သည်။ သို့သော် သူတစ်ရက်လေးမျှပင် မနားပဲ လင်းလက်ကျောင်းအလာကို မျှော်နေသည်။
မြတ်နိူးအောင် လင်းလက်အကြောင်းသိချင်လွန်းတာကြောင့် ဆရာမ နားနေခန်းအနား ခေါက်တုန့်ခေါက်ပြန်သွားကာ စုံစမ်းခဲ့သည်။ သို့ပေမဲ့ သူလိုချင်သော အဖြေမရခဲ့ပါ ။
လင်းလက်ရဲ့ မှတ်စုစာအုပ်များက သူ့ထံမှာရှိနေသည့်အတွက် လင်းလင်စာမကျက်နိူင်မှာကိုလည်း မြတ်နိုးအောင်တွေးပူရပြန်သည်။

ဦးလင်နောင် ရိုက်ပြီးနောက်နေ့မှာတော့ လင်းလက် အနာဒဏ်တွေကြောင့် အဖျားကြီးနေသည်။ ဒေါ်ကြီးက လင်းလက်ရဲ့ ခြေထောက်ပေါ်က ကြိမ်ဒဏ်ရာများကို ဆေးလူးပေးရင်း မျက်ရည်စတွေက သူမရဲ့ပါးပြင်မှာ ဖြတ်သန်းနေလေရဲ့ ။ သူမရဲ့ ဆရာ အဲ့လောက်ထိ ကလေးလေးအပေါ် ရက်စက်လိမ့်မယ်လို့ သူမထင်ပင်မထားခဲ့ ။ အခုဆို ကလေးသတိပြန်ရတာ ၃ရက်ရှိခဲ့ပြီ။ သတိပြန်ရတဲ့ကလေးကို ဦးလင်းနောင် တစ်ချက်လေးမျှ လာမကြည့်ပေ။
တကယ်ဆို အခုလို လင်းလက်​လေး အရိုက်ခံရတာ သူမအမှား ပင်ဖြစ်သည်။ ကလေးက ဆရာလိုပဲခေါင်းမာသည်။ ဦးလင်းနောင် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဂရုမစိုက်ပဲ ကျောင်းကသူငယ်ချင်းကို ကျောင်းပြီးချိန်တွေမှာ စာပြနေခဲ့သည်ကို သူမတားခဲ့သင့်သည်။

' သားလေး နာနေသေးလား '

ဒေါ်ကြီး တက်နိူင်သမျှ ဆေးကို ခပ်ဖွဖွလေးလိမ်းပေးနေသည်။ သူမရဲ့ ကလေးက နူညံ့ပြီး ထိလွယ်ရှလွယ်အသားအရေလေးမို့ သူမအတက်နိူင်ဆုံး ငြင်သာပေးခဲ့သည်။

' မနာတော့ပါဘူး ဒေါ်ကြီး သား အိပ်ချင်လာပြီ '

တစ်ချိန်လုံး အိပ်ပဲအိပ်နေသည့်ကလေးကို သူမ စိုးရိမ်သည်။ သို့ပေမဲ့ သူမဆေးဝါးနဲ့ပတ်သက်ပြီး ဘာမှနားမလည်တာကြောင့် ကလေးဘေးမှာပဲ အရိပ်တကြည့်ကြည့် စောင့်ပေးနေရုံသာ တက်နိူင်ခဲ့ပါသည်။
ဒေါ်ကြီး အိမ်အောက်ကို ခဏဆင်းလာပြီး ဆရာတို့စားဖို့အတွက် ထမင်းစားပွဲပြင်ပေးလိုက်၏ ။
အရင်လို သူမ ထမင်းဝိုင်းဘေးရပ်မနေပဲ လင်းလက်လေးအတွက် ကြက်သားဆန်ပြုတ်လေးကြိုလိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now