ပြဿနာဖြစ်စေသာ ကြိုးစလေးများ

218 23 12
                                    

အပိုင်း ( ၃၄ )

ဇေယျာထူး အမျိုးမျိုးဖြည့်တွေးပေးနိုင်သည်။ သို့ပေမဲ့ ချစ်ရသူကိုလုယူမဲ့ အခြေအနေကိုတော့ ဖြည့်မတွေးပေးနိုင်ပေ။ ထို့ကြောင့် ဇေယျာထူး လင်းလက်အခန်းကို  ရောက်လာခဲ့၏ ။
မြတ်နိုးအောင်အပေါ် လင်းလက်ထားသည့် သဘောထားတို့ကို ဇေယျာထူးသိမှ ဖြစ်မည်။

လင်းလက်အခန်းက လူမနေတာကြာပြီဖြစ်သော်လည်း ဖုန်မှုန့်တစ်စက်မရှိ။ အရာအားလုံးက သေသပ်စွာရိှိနေ၏ ။
ဇေယျာထူး အချိန်ပေးပြီး ရှာစရာမလို လင်းလက်ရဲ့ ဒိုင်ယာရီစာအုပ်ကို တွေ့ခဲ့သည်။
သူများရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးဖတ်တာမကောင်းမှန်းသိပေမဲ့ အချစ်အတွက်ဆို ဘယ်အရာမဆို လုပ်တက်သည့် ဇေယျာထူးက ထိုအရာအားလုံးကို မေ့လျော့ပစ်လိုက်၏ ။

' ဇေယျာ ´

' ဗျာ ´

နောက်ကျောဘက်က ထွက်လာသည့်ဒေါ်မြလေး အသံကြောင့် ဖတ်လက်စစာအုပ်ကို ဇေယျာထူး ဖွက်လိုက်၏ ။

' မြို့ထဲကိုသား ထွက်သွားတာကို ဇေယျာကိုမပြောလို့လား ´

ရိုးသားလွန်းသည့် အန်တီရဲ့ မျက်နှာကို ဇေယျာထူး မကြည့်ရဲတာကြောင့် မျက်နှာလွဲလိုက်သည်။

' ပြောသွားပါတယ် ...အန်တီ။ကျွန်တော် .....ကျွန်တော် ´

ဇေယျာထူး ဘာဆက်ပြောရမှန်းမသိဖြစ်နေချိန်မှာ အိမ်ရှေ့မှာထားခဲ့သော သစ်သီးတွေကို သတိရသွား၏ ။

' သစ်သီးခြင်းလာပေးတာ ။ အန်တီကိုမတွေ့လို့ လိုက်ရှာရင်း ဒီအခန်းထဲ ရောက်လာတာ ´

' ​ေဩာ်...ဒါ့ကြောင့် အိမ်ရှေ့မှာ သစ်သီးခြင်းကိုတွေ့ရတာကိုး ။ လာလာ ဇေယျာ ...ဒါက လင်းလက်အခန်းလေ ။ ပိုင်ရှင်မရှိတဲ့အခန်းထဲ ကြာကြာနေလို့ မဖြစ်ဘူး ´

' ဟုတ် ....အန်တီ ´

ဒေါ်မြလေးက ဇေယျာထူးလက်ကို တယုတယဆုတ်ကိုင်ကာ

' သားက လင်းလက်နဲ့ပတ်သက်ရင် နည်းနည်းတော့ သဲသဲလှုပ်တယ်ကွယ် ။ အဲ့ဒါကို ဇေယျာနားလည်ပေးနိုင်တယ်မဟုတ်လား ´

' ဟုတ်...´

ဇေယျာထူး အိမ်ကြီးဆီကိုပြန်လာခဲ့သည်။ လက်ထဲမှာ ပါလာသော လင်းလက်ရဲ့ ဒိုင်ယာရီစာအုပ်ကို ဆက်ဖတ်သင့်မဖတ်သင့် ဇေယျာထူး ဝေခွဲရခက်နေ၏ ။
သို့ပေမဲ့ သူ ဆက်ဖတ်ဖြစ်ခဲ့သည်။
လင်းလက်ရဲ့ ခံစားချက်တွေက မြတ်နိုးအောင်အပေါ် သူငယ်ချင်းအဆင့်ထက်မပိုသော်ငြားလည်း မြတ်နိုးအောင်က လင်းလက်ကို မြတ်နိုးနေသည်ကို သူ အသိဆုံးပင်။
အခုချိန် သူ အလုပ်သင့်ဆုံးအရာက ဘယ်အရာဖြစ်မလဲ ? ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now