တွဲလက်များနဲ့ရှေ့ဆက်

530 61 14
                                    

အပိုင်း ( ၅ )

လစဉ်စာမေးပွဲကြီးနီးကပ်လာပြီဖြစ်သည်။ စာမေးပွဲရက်နီးကပ်လာသည်နှင့်အမျှ လင်းလက် စာအုပ်နဲ့မျက်နှာမခွာပဲ စာကို ကျက်နေတက်သည်။ အမှတ်ကောင်းရလျှင် အဖေဖြစ်သူ ဦးလင်းနောင် ထံမှ သူမျှော်လင့်ထားသော မေတ္တာလေးရမလားဆိုသော အတွေးတွေနဲ့ လင်းလက် စာကြိုးစားသည်။ သို့ပေမဲ့ သူ့ရဲ့အမှတ်စာရင်းကို ဖေဖေကစိတ်မဝင်စားပါ ။ ကိုကိုရဲ့အမှတ်စာရင်းကိုသာ အရေးတယူလုပ်ခဲ့ပြီး သူ့ရဲ့အမှတ်စာရင်းကိုတော့ လက်နဲ့တောင် ကိုင်မကြည့်ခဲ့ပေ။
သို့ပေမဲ့ လင်းလက်စာကြိုးစားသည်။ တစ်နေ့နေ့တော့ သူကြိုးစားခဲ့သမျှကို ဖေဖေက အလေးထားလာမည်ဆိုသော မျှော်လင့်ချက်များနဲ့ သူ့ရဲ့နေ့ရက်များကို ရှင်သန်စေခဲ့သည်။

အတန်းထဲက ကျောင်းသားတွေအကုန် စာအုပ်ကိုယ်စီနဲ့ စာမေးပွဲကြီးအတွက် ပြင်ဆင်နေကြပေမဲ့ အခုမှကျောင်းပြောင်းလာသော မြတ်နိုးအောင် အတွက်တော့ ကြီးမားတဲ့ရိုက်ချက်ကြီးတစ်ခုပင်ဖြစ်သည်။ ကျက်စရာစာအုပ်လည်းမရှိ မှတ်စုလည်းမရှိတာကြောင့် လစဉ်စာမေးပွဲကြီးရဲ့ စိန်ခေါ်သံကို သူရင်ဆိုင်ဖို့ ခွန့်အား မရှိပေ။

' စာမကျက်ဘူးလား နိုးနိုး '

' အဲ့နာမည်ကြီး မခေါ်ပါနဲ့ဆိုကွာ '

မြတ်နိုးအောင် စိတ်ညစ်ညစ်နဲ့ ခုံပေါ်မှောက်အိပ်နေချိန်မှာ သူ့ရဲ့ဘေးကို ဝင်ထိုင်လိုက်ပြီး သူမကြိုက်သော နာမည်ကို ခေါ်နေသော လင်းလက်ကို အော်လိုက်မိသည်။
သူအော်လိုက်ပြီးချိန်မှာ သူတို့နှစ်ဦးကြားစကားသံတွေပျောက်ရှသွား၏ ။ ခုံပေါ်မှောက်အိပ်နေပေမဲ့ လင်းလက်သူ့ကို စိတ်ငြိုငြင်သွားပြီလားဆိုသော အတွေးတွေက မြတ်နိုးအောင် ကို နှိပ်စက်လို့နေသည်။
မြတ်နိုးအောင် ခုံပေါ်မှောက်အိပ်နေရာမှ ထလိုက်ပြီး လင်းလက်ဘက်ကို မဝံ့မရဲလှည့်ကြည့်လိုက်သည်။
လင်းလက်က သူ့ကိုကြည့်ပြီး ပြုံးပြနေကာ လက်ထဲမှ အညိုရောင်အရည်များပါသောခွက်ကို သူ့ထံကမ်းပေးနေလေသည်။

' ပူတယ်နော် သတိထားသောက်ဦး ဒါလေးသောက်ပြီးရင် စိတ်ညစ်စရာတွေ ပျောက်သွားလိမ့်မယ် '

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now