မမြင်နိုင်သောအခြားတစ်ဖက်ကချစ်ခြင်း

498 46 11
                                    

အပိုင်း ( ၁၈ )

ထင်းရှုးခြံကို သွားရာ လမ်းတစ်လျှောက်လုံး လင်းလက် ငိုပြီးလိုက်ပါလာသည်။
အချိန်မဟုတ်အခါမဟုတ် ရွာသော မိုးကြောင့် ခရီးကနှောင့်နေးလို့နေ၏ ။
သက္ကရာဇ်ကားမောင်းရင်းနဲ့ နောက်ကြည့်မှန်ထဲမှတဆင့် လင်းလက်ကို စိတ်ပူစွာ ကြည့်နေမိသည်။

အေးစိမ့်လာသော ရာသီဉတုကြောင့် ကားအဲကွန်းအအေးဓာတ်ကို ပိုတိုးထားသည်။
ကားထဲမှအအေးဓာတ်ကြောင့် လင်းလက်၏ ခြေလက်တို့သည် စတင်အေးစက်ထုံကျင်လာလေသည်။
ထိုအရာကို သတိထားမိသော မြတ်နိုးအောင်က လင်းလက်၏ ခြေဖဝါးကို သူ့လက်နှစ်ဖက်ဖြင့် ပွတ်ချေ လိုက်ပြီး အပူဓာတ်ကိုပေးနေလေသည်။

လူတစ်ယောက်ကိုချစ်မိခဲ့ပြီဆိုလျှင် ထိုလူသား၏ ကြိုက်ခြင်း၊မကြိုက်ခြင်း ၊ ကျန်းမာရေးအခြေအနေ၊ ထိုလူသားလုပ်သမျှအရာအားလုံးကို အသေးစိတ် သိရှိနေတက်ကြသည်။
လင်းလက်အေပါ် နိုးနိုး၏ သိတက်နေမှုက ပုံမှန်ထက် လွန်ကဲနေသည်ကို သက္ကရာဇ် သတိထားမိလိုက်၏။

' အဆင်ပြေရဲ့လား လင်းလက် ´

' အင်း ....ဟင့်...ဟင့်´

ငိုထားသည့် ရှိုက်သံတို့က အခုထိ ကွယ်ပျောက်မသွားသေးပေမဲ့ လင်းလက်ရဲ့ အဖြေက ခပ်တိုးတိုးလေး ထွက်လာလေသည်။

ကားလေးက ထင်းရှုးခြံအတွင်းသို့ ဝင်လာနေ၏ ။ အိမ်ရှေ့ဆင်ဝင်အောက်မှာ ငိုနေသော ဒေါ်ကြီးကို လင်းလက် ကားပေါ်မှ လှမ်းမြင်လိုက်သည်။
ကားရပ်လိုက်သည်နှင့် လင်းလက်က ဒေါ်ကြီးရင်ခွင်ထဲ တိုးဝင်ကာ ငိုမိပြန်သည်။

' သားလေး.....ဆရာမရှိတော့ဘူး ၊ ဆရာမရှိတော့ဘူး ´

ဒေါ်ကြီး ရဲ့ ဝမ်းနည်းသံကြီးက အနားမှာရှိသော လူများ၏ နှလုံးသားကို ရိုက်ခက်နေသည်။
မြတ်နိုးအောင်က လင်းလက်၏ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်၏ ။
သက္ကရာဇ်လည်း ပူဆွေးနေကြသော မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းနေသည်။

အိမ်ထဲသို့ဝင်လိုက်ချိန်မှာ နှင်းဆီပန်းများအလယ်မှာ အိပ်ပျော်နေသော ဖေဖေ့ကို လင်းလက်တွေ့လိုက်ရသည်။
အရာအားလုံးက အိမ်မက်တစ်ခုလိုပင်။ မနေ့ကထိ သူ့ကို ဆူပူနေတဲ့ ဖေဖေက အခုတော့ အသက်မရှိတော့ဘူးတဲ့လေ ။
ဖေဖေ့၏ ခြေထောက်နှင့်လက်တို့က ထူးဆန်းစွာ ဒဏ်ရာများရနေသည်မို့ ဒေါ်ကြီးကို လင်းလက် လှမ်းကြည့်လိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now