ခွဲခြားထားသောကျောင်း

594 65 9
                                    

အပိုင်း ( ၃ )

' သားလေး ရှိုင်း.... ကျောင်းသွားရအောင် '

ဦးလင်းနောင် အလုပ်သွားဖို့ ပြင်ဆင်ပြီး သားဖြစ်သူ ရှိုင်းလက် ကို နိုးလိုက်သည်။ သူနိုးခါမှ စောင်ပုံအောက်နစ်ဝင်သွားသော ရှိုင်းလက်ကြောင့် ဦးလင်းနောင်က ခြုံစောင်ကိုဆွဲဖယ်လိုက်၏ ။

' ဒယ်ဒီ....သားအိပ်ချင်သေးတာကို ခဏလေးအိပ်ခွင့်ပြုပါနော် '

' မဖြစ်ဘူး ရှိုင်းလက် ၊ အခုချက်ချင်းထရမယ် '

ဦးလင်းနောင် ရဲ့ ခက်ထန်သော အသံကြောင့် ရှိုင်းလက် မထချင်ပဲအိပ်ယာက ထလိုက်သည်။
အဖေက တခြားနေရာမှာသာသူ့ကို အလိုလိုက်ခဲ့ပေမဲ့ စာနဲ့ပတ်သက်ရင်တော့ စည်းကမ်းကြီးသည်။  ရှိုင်းလက်ရဲ့ နှုတ်ခမ်းတွေက အလိုမကျစိတ်ကြောင့် စူထော်နေလေ၏ ။
ခဏအကြာမှာတော့ ဒေါ်ကြီးဝင်လာပြီး ရှိုင်းလက်ကို ကျောင်းသွားရန် ပြင်ဆင်ပေးတော့သည်။
ရှိုင်းလက်က ၅တန်းကျောင်းသားလေး ဖြစ်သည့်အတွက် အင်္ကျီအဖြူလက်တို၊ အစိမ်းရောင် ဘောင်းဘီတိုလေးနဲ့ ကျောင်းသွားရန် အခန်းထဲမှ  ထွက်လာခဲ့သည်။
အိမ်အပြင်သို့ ဦးလင်းနောင်တို့ သားအဖေ ထွက်လာခဲ့သည်။

အိမ်ရှေ့မှာ ကျောင်းသွားရန် စောင့်နေသော သက္ကရာဇ် ကို မြင်တော့ ရှိုင်းလက် သက္ကရာဇ် ထံပြေးသွားလိုက်၏ ။

' ကိုကို...'

သူ့ထံပြေးလာသော ရှိုင်းလက် ကို သက္ကရာဇ် အပြုံးနဲ့ ဆီးကြိုလိုက်၏ ။ အင်္ကျီလက်ရှည်အဖြူ ၊ အစိမ်းရောင်ပုဆိုးကို ဆင်မြန်းထားပုံက သက္ကရာဇ် နဲ့ လိုက်ဖက်ညီလွန်းသည်။ ပုံမှန်အချိန်တွေဆို သက္ကရာဇ် က တည်တန့်နေတက်တာကြောင့် သူ့ဘေးမှာ အရှိန်အဝါတစ်ခု အမြဲစည်းခြားလျက်ရှိသည်။
ရှိုင်းလက်က သူ့အင်္ကျီနဲ့ ကိုကို့ရဲ့ အင်္ကျီက မတူညီတာကြောင့်
စိတ်ရှုပ်သွားသည်။
သားမျက်နှာက အလိုမကျဖြစ်နေသည်ကို ဦးလင်းနောင်က မြင်ဖြစ်အောင်မြင်လိုက်၏ ။

' သားဘာဖြစ်လို့လဲ..... ဒယ်ဒီကိုပြော '

' သား ကိုကိုလိုဝတ်ချင်တယ် ဒယ်ဒီ '

' နောက်နှစ်ကြဝတ်ရမှာ မပူနဲ့ ညီ '
သက္ကရာဇ် ဂျီကျနေသော ရှိုင်းလက်ကို ကားထဲ အတင်းထည့်ကာ ကျောင်းသို့ထွက်လာခဲ့သည်။ ဒေါ်ကြီးက ကားထဲကို ထမင်းချိုင်ထည့်ထားသောခြင်းကို တင်ပေးလိုက်၏ ။ ရှိုင်းလက်က ကားမှန်တံခါးကို ချပြီး ဦးလင်းနောင် ကို နှုတ်ဆက်လိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now