အိမ်မပြန်ချင်သူ

417 28 2
                                    

အပိုင်း ( ၃၀ )

ဒီနေ့ အိမ်ကြီးရဲ့ဧည့်ခန်းထဲတွင် လူစုံနေ၏ ။
ဆိုဖာပေါ်တွင် ဒေါ်ရီရီဝင်း ၊ ဦးဥက္ကာ နှင့် ဒေါ်ကြီးတို့ ထိုင်နေကြ၏ ။ သူတို့ရဲ့မျက်နှာများက တည်နေကြသော်လည်း မျက်လုံးများကတော့ ပြုံးနေသည်။

' ​မေမေသာမတွေ့ရင် သားတို့ ချစ်သူဖြစ်နေတဲ့ကိစ္စကို ဘယ်အချိန်ထိဖုံးကွယ်ထားကြမှာလဲ~~ ´

ဒေါ်ရီရီဝင်းအသံက မာသည်လည်းမဟုတ်သလို ပျော့ပြောင်းနေသည်ဟူ၍လည်း ယူဆလို့မရပေ။

' သားလေးလည်း ဒေါ်ကြီးကို ဘာလို့မပြောရတာလဲ ?´

သတင်းကြားပြီးပြီချင်းမှာ ဒေါ်ကြီးက သူ့ကိုမတိုင်ပင်ရကောင်းလားဆိုသော အတွေးနှင့် လင်းလက်ကို စိတ်ဆိုးမိပါသည်။
ဒီအိမ်ကြီးကိုရောက်လာသည့် နေ့ရက်တိုင်းလိုလို လင်းလက်ရဲ့ မျက်လုံးများက သက္ကရာဇ်ဆီကိုပဲ ဦးတည်နေသည့်အတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အခုလိုဖြစ်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားဖြစ်သည်။
ဒါပေမဲ့ လင်းလက်လေး သူမကိုတိုင်ပင်လိမ့်မယ်လို့ တစ်ချိန်လုံးမျှော်လင့်နေခဲ့မိတာ ။

ဒေါ်ကြီး စိတ်ဆိုးနေပြီဆိုတာ မျက်နှာကိုကြည့်လိုက်ရုံနှင့် သိတာမို့ လင်းလက် ငိုချင်လာသည်။

အမှားကျူးလွန်မိသည်မို့ လင်းလက်ရဲ့လက်တို့က ဂဏာမငြိမ် ။တစ်ဖက်နှင့်တစ်ဖက် လိမ်ချိုးလို့နေ၏ ။

'  ကျွန်တော်က မပြောဖို့ လင်းလက်ကို မှာထားလို့ပါ ။ အားလုံးက ကျွန်တော့်အပြစ်တွေပါပဲ ´

မထင်မှတ်ဘဲ ကောရဲ့ ဝန်ခံစကားကြောင့် လင်းလက် ကောကို လှည့်ကြည့်လိုက်သည်။
မိမိကို ရယ်ပြနေသော ကောရဲ့ ပုံစံက ဟီးရိုးတစ်ယောက်နှယ် ။

'ကော ~~´

နှုတ်ခမ်းလှုပ်ရုံလေးသာ ခေါ်လိုက်ပေမဲ့ သူ့ရဲ့ခေါ်သံကို ကောကြားသည်။
အေးစက်နေသော မိမိလက်ကို ဆုတ်ကိုင်ကာ အရာအားလုံးသူ့ဆီအပ်နှံပါဟု ကော၏ နှုတ်ဖျားကမပြောရုံတမယ် အမူအရာများက ဖော်ပြလို့နေ၏ ။

' ကိစ္စတွေလည်း ဖြစ်ပြီးမှတော့ ပြောနေလည်းမထူးတော့ဘူးလေ ။ သားလည်းသူ့အကြောင်းနဲ့သူ ရှိလို့နေမှာပေါ့ ´

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now