ပွင့်လင်းခဲ့ကြမယ်ဆိုရင်

466 43 14
                                    

အပိုင်း ( ၃၃ )

လေလွှင့်ရာ လိုက်ပါသွားသည့် တိမ်တိုက်များသဖွယ် ဦးကောင်းရဲ့ စိတ်တွေဟာလည်း အတွေးတွေကြားမှာ လွှင့်မျောနေလေ၏ ။
သူ့သားကို ထိန်းနိုင်မယ်လို့ထင်ခဲ့မိသည်။
သို့သော် သားက ဟိုအကောင်ကိုတမ်းတမ်းစွဲဖြစ်နေလေပြီ။

' ဦးလေး.....ကျွန်တော်ရောက်ပါပြီ ´

မိမိရှေ့ရပ်နေသည့် မြတ်နိုးအောင်ကို ဦးကောင်း သေချာကြည့်မိသည်။
ခပ်တိုတိုဆံပင်နှင့်လိုက်ဖက်ညီသည့် မျက်နှာက လိုအပ်သည်ထက်ပိုကြည့်ကောင်းနေသည်။
ဖြောင့်တန်းနေသည့် မျက်ခုံးအောက်က မျက်ဝန်းများကလည်း ညိုးငယ်ခြင်းအလျှင်းမရှိ။ တစ်ဖက်လူအပေါ် လွှမ်းမိုးနိုင်သည့် ဟန်အပြည့် ။

ဦးကောင်း တစ်ဖက်သို့အကြည့်လွှဲကာ

' ငါ့သားကို မင်းလမ်းခွဲပေးပါ ။ မင်းလိုချင်သလောက် ငါပေးမယ် ´

' ဦးလေးက မြန်မာဇာတ်လမ်းတွေအကြည့်များနေပုံပဲ ။ ဦးလေးဘယ်လောက်ပေးပေး ကျွန်တော် ဇေ့ကိုလမ်းခွဲပေးမှာမဟုတ်ဘူး ´

ဦိးကောင်းဟာ လွယ်လွယ်နဲ့ လက်လျော့မဲ့လူမဟုတ်မှန်း မြတ်နိုးအောင် ကြိုတွေးထားပြီးသားဖြစ်သည်။
မနက်က သဘောတူသည်ဟု ပြောပြီး ညနေပိုင်းမှာ တောင်ပေါ်သို့ လာခဲ့ဖို့စကားပါးကတည်းက ဇေမသိအောင် သူ့ကိုခွဲခေါ်မှန်း မြတ်နိုးအောင် နားလည်ခဲ့သည်။

ဦးကောင်းဘာတွေပဲပြောပြော ဇေ့ကို သူ လမ်းခွဲမပေးနိုင်ပါ ။

' မင်းအဖေတောင် ငါ့ဆီကငွေလာတောင်းသေးတာပဲ ။ အဖေတူသားလေးက အရမ်းရိုးသားပြနေပါ့လား ´

' ဗျာ !! ´

ဦးကောင်းရဲ့ စကားထဲမှာ ဦးမြတ်အောင်အကြောင်းပါလာတော့ မြတ်နိုးအောင် မထိန်းနိုင်အောင် မျက်နှာပျက်သွားသည်။

' မနက်ကပဲ ဒီပုံတွေပြပြီး ငါ့ဆီက ငွေတောင်းသွားတာ မင်းအဖေပဲ ´

' သူ ဘယ်လောက်တောင်းသွားတာလဲ ´

' ငါ့အတွက်တော့ မပြောပလောက်တဲ့ ပမဏဆိုပေမဲ့ သိန်း၂၀၀ ကို အလကားသက်သက် သုံးလိုက်ရတယ် ။ အဲ့ဒီအတွက် မင်းဘယ်လိုတာဝန်ယူမလဲ  ´

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now