လူတိုင်းမှာဒဏ်ရာကိုယ်စီရှိတက်ကြသည်

478 41 30
                                    

အပိုင်း ( ၁၆ )
မနက်ခင်းရဲ့ကျေးငှက်တို့က ထုံးစံအတိုင်း ကျလိကျလိ အသံများ နှင့် သက္ကရာဇ်၏ အခန်းပြတင်းပေါက်ဝမှာ တေးဆိုနေလေသည်။
သက္ကရာဇ်က မနက်စောစောထသည့် အကျင့်ရှိပြီး  အခန်းရှေ့က ဝရံတာမှာ ကော်ဖီသောက်ရင်း အပန်းဖြေရသည်ကို နှစ်သက်၏။

ဒီနေ့ဟာ အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် သက္ကရာဇ် အချိန်ပိုကာ အားလပ်နေသည်။ ကော်ဖီသောက်ပြီးသည်နှင့် သက္ကရာဇ် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သက္ကရာဇ်က တစ်အိမ်လုံးကို မျက်စိအေးစေသော မိုးပြာရောင် တို့ဖြင့် အလှဆင်ထားသည်။
ဧည့်ခန်းထဲက အသုံးအဆောင်ပစ္စည်းများကအစ  မိုးပြာရောင် ဖြစ်နေပြီး  ဆိုဖာအရောင်ကိုလည်း မိုးပြာရောင်ကို သီးသန့်မှာယူကာ အိမ်အဝင်ပေါက်ဘေးနေရာမှာ ထားရှိထားသည်။
ဒါနဲ့တင်မပြီးသေး ဆိုဖာများဘေးမှာ ရှိသော  မှန်ပြတင်းပေါက်က လိုက်ကာမှအစ မိုး​ပြာရောင် တစ်မျိုးတည်းကိုသာ တပ်ဆင်အသုံးပြုထားသည်။
ထို့ကြောင့် သက္ကရာဇ်တို့အိမ်ထဲကို ဝင်လိုက်သည်နှင့် ပင်လယ် သမုဒ္ဒရာထဲရောက်သွားသလို အေးမြစေ၏ ။

အိမ်ကြီး၏ အရာအားလုံးက လှပနေသော်လည်း ဧည့်ခန်းထဲရှိ မိုးပြာရောင်ဆိုဖာပေါ်မှာ ထိုင်နေသော ဒေါ်ရီရီဝင်းကတော့ အဖြူရောင်သိုးမွေးထည်လေးနှင့် ရောဂါ၏ ရိုက်နှက်ချက်ကြောင့် ပိန်လီှနေသည်။

' မေမေ ´

' မေမေ ´

သက္ကရာဇ် ဒေါ်ရီရီဝင်းကို ခေါ်နေသော်လည်း ဒေါ်ရီရီဝင်းသည် ကြားဟန်မတူ ။
မှန်ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကိုသာ ငေးသော မေမေကို သက္ကရာဇ်ကြည့်လိုက်သည်။ သူမ၏ စိတ်တွေက လူနဲ့မကပ် လေလွင့်နေပုံပေါ်၏ ။

' မေမေ ´

သက္ကရာဇ် နောက်တစ်ကြိမ်ခေါ်တော့ ဒေါ်ရီရီဝင်းလှည့်ကြည့်လာသည်။
အမေ့၏ မျက်နှာက ရွှင်လန်းခြင်းမရှိ စိတ်ထောင်းကိုယ်ကြေ ဖြစ်ကာ အိုဇာသွားလိုက်ပုံများ အရင်ကလှပခဲ့သော အမေ့မျက်နှာကိုပင် သက္ကရာဇ် မေ့လျော့နေမိတာအမှန်ပင်။

ဒေါ်ရီရီဝင်း၏ အရိုးကင်ဆာက နောက်ဆုံအဆင့်ထိရောက်နေပြီမို့ ကုသဖို့ဆိုတာ မလွယ်ကူသည့်အရာပင်ဖြစ်သည်။
တစ်နေ့တစ်နေ့ သောက်ဆေးများက သူမရဲ့ လက်ဖဝါးနှင့်အပြည့် ။
ဦးဥက္ကာဆိုသည်မှာလည်း ဇနီးသည် ရောဂါပျောက်ကင်းဖို့အရေး နည်းအမျိုးမျိုး ရှာဖွေနေသည်။
ဒီနေ့လည်း ဒေါ်ရီရီဝင်းအတွက် သူကိုယ်တိုင် မီးဖိုခန်းဝင်ကာ ကြက်စွပ်ပြုတ်လုပ်ပေးနေလေသည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now