အညိုရင့်ရောင်မျက်ဝန်းတစ်စုံ

458 43 9
                                    

အပိုင်း ( ၂၀ )

' ဟိုနေရာ..ဟိုနေရာမှာထားမယ် ´

' ပန်းအိုးက ဒီဘက်လာလေ ´

မနက်စောစော ထင်းရှုးခြံမှာ ပစ္စည်းချသောလူများနဲ့ စည်ကားလို့နေ၏ ။
အိမ်ကြီးထဲက ပရိဘောဂအဟောင်းများကို ဖယ်ထုတ်ပစ်ပြီး ပစ္စည်းသစ်များနှင့် ပြောင်းလဲ တပ်ဆင်နေသည်။
ယခင်က မှေးမိှန်နေသော ဧည့်ခန်းက အခုဆို အရောင်တစ်လက်လက်နှင့် တောက်ပလို့နေသည်။

ဒေါ်ကြီးနှင့် လင်းလက်ကတော့ သူတို့လုပ်သမျှကို တစ်ခွန်းမှမပြောပဲ ရပ်ကြည့်နေမိသည်။
ထိုအချိန်မှာ ကားတစ်စီးခြံထဲကိုဝင်လာ၏ ။
ကော၏ ကားဖြစ်နေသည့်အတွက် လင်းလက်ပျော်သွားသည်။
ကားဘေးနားသို့ လင်းလက်သွားလိုက်ချိန်မှာ ကားပေါ်မှာ ကောပါမလာပေ။

ကိုမျိုးက ကားဘေးနားသို့ရောက်နေသော လင်းလက်ကိုပြုံးပြလိုက်၏ ။
ဆရာမှာထားသော စာအိတ်လေးကို ကားထဲမှယူကာ လင်းလက်၏ လက်ထဲထည့်ပေးလိုက်သည်။

' ဆရာက ဒါလေးပေးခိုင်းလိုက်လို့ပါဗျ ´

ကိုမျိုးကမ်းပေးသော စာအိတ်ကို လင်းလက်လှမ်းယူလိုက်သည်။
ကိုမျိုးကို ဧည့်ခံဖို့အတွက် လူများရှုပ်နေသဖြင့် လင်းလက် အားနာစွာ နေရခက်လေသည်။
ဒါကိုသိသော ကိုမျိုးက လင်းလက်နေရမခက်စေဖို့အတွက် ပြန်ရန်နှုတ်ဆက်ရန်ဟန်ပြင်လိုက်၏ ။

' ဟေ့...ကောင်လေး ဒါလာသယ်ပေးလေ ´

ပစ္စည်းချသည်လူများကို ခိုင်းစေနေသော အမျိုးသမီးကြီး တစ်ယောက်က လင်းလက်ကို လှမ်းခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။
လင်းလက်က မျက်နှာတစ်ချက်ပျက်သွားပေမဲ့  မငြင်းဆန်ခဲ့ချေ။
ထိုလူမခိုင်းသော ကြိမ်စားပွဲခုံကို လင်းလက်သယ်လိုက်၏ ။

လင်းလက်ကမငြင်းဆန်ပဲ ခိုင်းသမျှကို လုပ်နေသည့်အပေါ် ကိုမျိုး အလိုမကျစိတ်ဖြစ်လာသည်။
ဒီကောင်လေးက ဆရာ၏စိတ်ဝင်စားမှုခံနေရသည့်အတွက် ကိုမျိုးအထူးဂရုစိုက်ပါသည်။
ထို့ကြောင့် ဒေါ်ကြီးကိုမေးဖို့ သူကြည့်လိုက်ချိန်မှာ ဒေါ်ကြီးကလည်း သူ့ကိုလှမ်းကြည့်နေသည်။
ဒေါ်ကြီး၏ အကြည့်တွေထဲမှာ အားကိုးရှာနေသည့် ပုံရိပ်များက အထင်းသား။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now