အပိုင်း ( ၂၈ )
' ကိုကို ´
' ကိုကို ´
မိမိရဲ့ အနားသို့ ခပ်တိုးတိုး ခေါ်သံလေးကြောင့် သက္ကရာဇ် အိပ်နေရာမှ နိုးထလာသည်။
သူနိုးလာသည့်နေရာက အိပ်ခန်းထဲတွင်မဟုတ် အလုပ်ခန်းဖြစ်နေတာကြောင့် သက္ကရာဇ် ထိုင်ခုံပေါ်မှ ထရပ်လိုက်၏ ။ထိုအချိန်မှာ သူနဲ့ ခပ်လှမ်းလှမ်းက စာအုပ်တွေစီထားသော စင်ဘေးတွေ ရပ်နေသော အရိပ်လေးကို မြင်လိုက်ရသည်။
အခန်းကမှောင်နေတာကြောင့် သက္ကရာဇ် ရှေ့တိုးကာ ထိုအရိပ်လေးကို သေချာကြည့်လိုက်၏ ။
မြင်ကွင်းက ဝိုးတဝါးဖြစ်နေသည်မို့ သက္ကရာဇ် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်။မျက်နှာကဖြူစုတ်စုတ် နှုတ်ခမ်းသားအပြာရောင်နှင့် မိမိကို ပြုံးပြနေသော ရှိုင်းလက် ။
နှုတ်ခမ်းက ပြုံးနေသော်လည်း အကြည့်တွေထဲက ဝမ်းနည်းရိပ်ကို အတိုင်းသားမြင်တွေ့နေရ၏ ။' ညီ ´
' ညီ ဒီလောက်တားနေရက်နဲ့ လင်းလက်ကို ကိုကို ချစ်နိုင်သေးတယ်နော် ´
' ကိုကို့ ကို တစ်ခါလောက်နားလည်ပေးလို့မရဘူးလား ညီ ´
' ဘာအတွက်လဲ ? ´
' ညီနဲ့ ကိုကိုက ပေါင်းစပ်လို့မရတော့ဘူး ဘဝခြားသွားခဲ့ပြီ ´
' အဲ့ဒါဆို လင်းလက်ကိုလည်း ညီ့ဘဝထဲ ဆွဲခေါ်သွားရင်ရော ...အဆင်ပြေမလား ကိုကို ´
ရှိုင်းလက်နဲ့ စကားပြောနေချိန်မှာပဲ ရှိုင်းလက်အနားသို့ လင်းလက်ရောက်လာသည်။ ရှိုင်းလက်က လင်းလက်ကို လက်ဆွဲကာ မိမိနဲ့ အဝေးဆုံးနေရာသို့ ဆွဲခေါ်သွားချိန်မှာ သက္ကရာဇ် ရင်ဘတ်တစ်ခုလုံး ပြုတ်ကျသွားမတက် တုန်လှုပ်သွားသည်။
' မလုပ်ပါနဲ့......လင်းလက် !!!!´
မိမိကိုတစ်ချက်လှည့်မကြည့်ဘဲ ရှိုင်းလက်နောက်သို့ လိုက်သွားသော လင်းလက်ကို သက္ကရာဇ် ဆွဲခေါ်လိုက်၏ ။
သို့ပေမဲ့ လင်းလက်ရဲ့ လက်ကို သူထိလို့မရ ။
လင်းလက်ကို မတွေ့ရတော့ဘူးဟူသော စိတ်ကြောင့် နှလုံးသားတစ်ခုလုံး မွန်းကြပ်လာသည်။
DU LIEST GERADE
Romantikနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ