အိမ်နောက်ဖေးကလှေခါး

771 66 24
                                    

အပိုင်း ( ၂ )

ဦးလင်းနောင် က အလုပ်တစ်ခုကို တိကျစွာလုပ်တက်သည်။
အမြဲလိုလို တွက်ချက်နေတက်ပြီး ကိစ္စတစ်ခုကို ဟာကွက်မရှိ ရွေ့တက်သည်။
အမြဲတည်ကြည်နေသော ဦးလင်းနောင် ဘဝကို စတင်မွှေနောက်ချိန်ကတော့ ဦးလင်းနောင် ဇနီးဖြစ်သူ သဲဦး၏ မီးဖွားသောနေ့၌ဖြစ်သည်။
သဲဦးက ခေါင်းမာတက်တဲ့အကျင့်တစ်ခုရှိသည်။ ဦးလင်းနောင်က ဗိုက်ကို ဆရာဝန်ပြပြီး အထဲကကလေးကို ကြည့်ဖို့ တိုက်တွန်းနေခဲ့ပေမဲ့ သူမ ကငြင်းဆန်သည်။ သားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် သူမ မွေးမှကြည့်ချင်သည်ဟုသာ အမြဲပြောလေ့ရှိသည်။ ပြီးတော့ သူမက ဆေးရုံဆေးခန်းကြောက်တာကြောင့် ဆေးခန်းပြဖို့အမြဲငြင်းဆန်လေ့ရှိသည်။ မတက်သာတဲ့နောက်ဆုံးတော့ သူ လက်လျော့လိုက်ပြီး မိသားစုဆရာဝန်နဲ့ သာ တိုင်ပင်၍ ဇနီးဖြစ်သူကို စောင့်ရှောက် ရတော့သည်။
တစ်လပြီးတစ်လပြောင်းကာ မွေးဖို့ အချိန်တွေ နီးကပ်လာလေလေ သူမရဲ့ဗိုက်က ပုံမှန်မဟုတ် ပို၍ စူထွက်လာသည်။
ကလေး မီးဖွားချိန်ရောက်တဲ့အခါ အခက်အခဲဖြစ်မှာ စိုးရိမ်တာကြောင့် ဆေးခန်းပြဖို့ လင်းနောင် တိုက်တွန်းခဲ့သည်ကို သဲဦးက လက်ခံလိုက်သည်။
သို့ပေမဲ့ သူမ ဆေးခန်းကိုပြဖို့ ပြင်ဆင်နေချိန်မှာပဲ ဗိုက်က တစ်ဆစ်ဆစ်နဲ့ နာလာတော့ သဲဦးအော်ဟစ်ရင်း သတိလစ်သွားခဲ့သည်။
ဆေးရုံသွားသည့်လမ်းတစ်လျောက်တွင် သူမ ကို ကယ်တင်ဖို့ လင်းနောင် ကြိုးစားခဲ့ပေမဲ့ ချစ်စဖွယ်ကလေးနှစ်ယောက် ကို သာ သူရရှိခဲ့သည်။
သူမကတော့ ပြန်လည်သတိရခြင်းဆိုတဲ့ အသုံးအနှုန်းကို မေ့ခဲ့ဟန်တူသည်။
သားနှစ်ယောက်နဲ့အတူ သူ့ကိုပါ နှုတ်ဆက်မသွားချေ ။

ကလေးနှစ်ယောက် ကို ပိုက်ပြီး လင်းနောင် ဇနီးသည်ရဲ့ရုပ်လောင်းကို သတိလက်လွှတ် ငေးစိုက်ကာကြည့်နေတော့သည်။

ရက်သတ္တပတ်ကျော်လွန်ခဲ့သည်အထိ လင်းနောင် ရဲ့ စိတ်တွေ စုစည်း၍မရခဲ့ ။ အိမ်ရဲ့နေရာတိုင်းမှာ သဲဦး၏ ပုံရိပ်များသာ ကြီးစိုးလို့နေသည်။
တအဲအဲ..... အော်ငိုသံများကြောင့် သူရဲ့စိတ်တွေစုစည်းထားလိုက်ပြီး သားနှစ်ယောက်အတွက် သူရဲကောင်း အဖေဖြစ်စေရန် သူကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now