ငါလိုနေတာတရားမျှတမှု

168 20 5
                                    

အပိုင်း ( ၃၆ )


သက္ကရာဇ် အိမ်ကိုပြန်ရောက်လာခဲ့သော်လည်း ခေါင်းကိုက်သည့် ဝေဒနာက ပျောက်မသွားသေးချေ ။ထို့ကြောင့် အိမ်အပေါ်သို့မတက်တော့ဘဲ လင်းလက် နေခဲ့သည့်အခန်းအတွင်း ဝင်သွားလိုက်သည်။
အခန်းအတွင်းဝင်လိုက်သည်နှင့် လင်းလက်ရဲ့ ကိုယ်သင်းရန့ံလေးက သက္ကရာဇ်၏ တမ်းတမှုစိတ်ကို တောက်လောင်စေသည်။
လင်းလက်ရဲ့ ကုတင်ပေါ်လှဲချပြီး လင်းလက်နှင့်အတူရှိနေခဲ့သည့် အမှတ်တရများကို ပြန်တွေးရင်း သက္ကရာဇ်အိပ်ပျော်သွား၏ ။

သက္ကရာဇ်ရဲ့ အခန်းထဲသို့လင်းလက်ရောက်လာသည်။ လင်းလက်က သူ့အနားမှာထိုင်နေပြီး ပြုံးနေလေ၏ ။ ထိုရွှင်ပြုံးသည့်အပြုံးတို့ကို သက္ကရာဇ် မြင်လိုက်ရတော့ သူပါ ပြုံးမိသွားသည်။
သက္ကရာဇ်ကြည့်နေသည့်အချိန်မှာပဲ လင်းလက်ရဲ့မျက်နှာပေါ်ဟာ သွေးမရှိသလို ဖြူရော်လာပြီး
မျက်ဝန်းများကလည်း စိတ်ပျက်နေသည့် အကြည့်မျိုးပြောင်းလဲသွား၏ ။

သက္ကရာဇ် ထိတ်လန့်သွားပေမဲ့ စကားပြောလို့မရခဲ့ ။
လင်းလက်မျက်နှာက ပြောင်းလဲသွားသည့်အပြင် အထီးကျန်နေလည်းပုံပေါက်၏ ။

' ညီလေးကိုစောင့်ရှောက်ပေးမယ်လို့ပြောပြီး ကိုကိုဘာလို့ မစောင့်ရှောက်ပေးရတာလဲ ? ´

' ရှိုင်းလက် ..´

' ညီ ´

သက္ကရာဇ် လန့်နိုးကာ ထထိုင်လိုက်မိ၏ ။ အိပ်နေရာမှ ရုတ်တရက် ထထိုင်မိသည့်အတွက် ခေါင်းအတွင်းပိုင်းမှ တဆစ်ဆစ် ထိုးကိုက်လာသည်။ သူ့ရဲ့ အိပ်မက်ထဲသို့ ရှိုင်းလက်ရောက်မလာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
လင်းလက်ထွက်သွားပြီးနောက် ဒါဟာ ပထမဆုံးအကြိမ်မက်သည်ဟု ဆိုရမလိုပင်။

သက္ကရာဇ် နိုးလာသည့်အချိန်က မနက်၂နာရီခွဲဖြစ်နေပေမဲ့ ဆက်မအိပ်ချင်တာကြောင့် စာကြည့်ခန်းကိုသွားကာ ဝိုင်သောက်ဖို့ဆုံးဖြတ်လိုက်၏ ။
ဝိုင်တစ်ခွက်သောက်ပြီးတိုင်း လင်းလက်ကို တွေ့ချင်စိတ်တွေ ဖြစ်လာသည်။
ဒါဟာ တာဝန်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးမဟုတ် ။
ရင်ထဲကထွက်ပေါ်လာတဲ့ ခံစားချက်မျိုးသာဖြစ်သည်။
ရှိုင်းလက် ပြောသလို လင်းလက်အပေါ် သူတာဝန်မကြေခဲ့ဘူးလား ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Waar verhalen tot leven komen. Ontdek het nu