နားလည်ရခက်လေသော အတွေးစ

501 42 23
                                    

အပိုင်း ( ၁၅ )

သီဟ အိမ်ခြံမြေလုပ်ငန်းလို့ပြောလိုက်တာနဲ့ ပြင်ဦးလွင်မြို့ရဲ့ သူဌေးကြီး ဦးကောင်းနှင့် သူ့ရဲ့ ချစ်လှစွာသော သားလေး ဇေယျာထူး ကို လူတိုင်း မျက်လုံးထဲမြင်ယောင်မိမှာအမှန်ပင်။
ဦးကောင်းက တစ်ဦးတည်းသော သားဖြစ်သူကို အလိုလိုက်သည်။ ဘာပဲလိုချင်လိုချင် အကုန်လုပ်တက်သည်မို့ ဇေယျာထူး ကဆိုးသည်။
အဖော်များနှင့်အမြဲအပြင်ထွက်နေတက်ပြီးအရပ်က ၅ပေ၈လက်မရှိသော ဇေယျာထူးက သူငယ်ချင်းများထဲတွင် အရပ်အရှည်ဆုံး ရုပ်ရည်သန့်ပြန့်သူဖြစ်၏ ။

ထို့ကြောင့် ကောင်မလေးများရဲ့နှုတ်ဖျားမှာ ဇေယျာထူးက ကျော်ကြားပြီးရေပန်းစားနေသူလည်းဖြစ်သည်။
ပြစ်ချက်ကတော့ အသက်က၂၁ရှိပြီဖြစ်သော ဇေယျာထူးက အလုပ်ဟူသမျှကို မယ်မယ်ရရမလုပ် ပျော်ရွှင်ခြင်းနောက်ကိုသာ လိုက်နေသူဖြစ်၏။

ပြင်ဦးလွင်မြို့ရဲ့ ညနေစောင်းအချိန်မှာ လမ်းမထက်တွင် လူအများ သွားလာခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။
ဦးထွန်း လိုက်ပို့ပေးသော ကြောင့် လင်းလက် မြို့ထဲသို့ရောက်နေသည်။
ကျောင်းပြီးကတည်းက အပြင်မထွက်ရသော လင်းလက် က ပြောင်းလဲ တိုးတက်သွားသော မြို့ရဲ့ အလှကို မျက်စိတဆုံး ငေးမောနေမိသည်။

ဦးလင်းနောင်ပေးလိုက်သော စာရွက်လေးကိုင်ကာ လင်းလက် Moon ဟု နာမည်ပေးထားသော ကော်ဖီဆိုင်ကို လိုက်ရှာနေသည်။
ဆိုင်ရှေ့ကိုရောက်နေပြီဖြစ်သော်လည်း လင်းလက် ထိုဆိုင်ထဲဝင်ရန်တွန့်ဆုတ်နေမိ၏ ။
အကြောင်းကတော့ ထိုဆိုင်က ကော်ဖီဆိုင်မဟုတ်ပဲ အရက် barတစ်ခုဖြစ်နေလေသည်။

ဖေဖေက ပထမဆုံး သူ့ကို ယုံကြည်စွာ ခိုင်းသည့်အလုပ်လည်းဖြစ်တာကြောင့် လင်းလက် အရဲစွန့်ကာ ဆိုင်ထဲဝင်သွားလိုက်သည်။

သက္ကရာဇ်က ဝိုင်လုပ်ငန်းရှင်များနှင့် ကော်ဖီဆိုင်မှာ ချိန်းဆိုထားသည်။ moonကော်ဖီဆိုင်က အရက်barနှင့် ဘေးကပ်လျက်ရှိပြီး ထိုbarကလည်း moonကော်ဖီဆိုင်က ဖွင့်ထားသော barဆိုလည်းမမှားပေ။
ကော်ဖီနဲ့ အရက်က တခြားစီဖြစ်သော်လည်းအခုခေတ်လူငယ်တွေရဲ့အတွေးတွေက သူမတူအောင် ဆန်းသစ်နေသည်ကို သက္ကရာဇ် လက်ခံနားလည်သည်။
ဝိုင်လုပ်ငန်းရှင်များနှင့် စာချုပ် ချုပ်ဆိုပြီး သက္ကရာဇ် ကားရှိရာသို့ ရောက်လာခဲ့သည်။
ကိုမျိုးဖွင့်ပေးသော ကားနောက်ခန်းမှာ သက္ကရာဇ် ကျနစွာထိုင်လိုက်ပြီး ချုပ်ဆိုထားသော စာချုပ်တို့ကိုပြန်လည် စစ်ဆေးလိုက်၏ ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now