ရှေ့ဆက်ရမည့်မိသားစုဘဝ

108 11 1
                                    

အပိုင်း ( ၃၉ )

ပိုင်ရှင်မဲ့နေတာ ကြာပြီဖြစ်သော အရင်အိမ်လေးကို လင်းလက်ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအိမ်လေးကို ကောရဲ့မိဘတွေက မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့သည် ။
အစပိုင်းမှာအတူနေကြဖို့ လင်းလက်တို့ဆုံးဖြတ်ခဲ့ပေမဲ့ ဒေါ်ရီရီဝင်းက အိမ်ခွဲနေရန် ပြောလာသည်။

အိမ်ကြီးကိုကြည့်ပြီး အတွေးပွားနေသော လင်းလက် ဘေးနားသို့ သက္ကရာဇ်ရောက်လာ၏ ။

' သဘောကျရဲ့လား ´

' ဟုတ်ကဲ့ ´

လင်းလက်က သက္ကရာဇ်ရဲ့ လက်မောင်းကိုမှီတွယ်လိုက်ပြီး

' ကျွန်တော်တို့ခွဲနေတာက အမေတို့အတွက် တကယ်ရော အဆင်ပြေရဲ့လားဟင် ။
ကျွန်တော့်အထင် အမေ့အတွက်အဖော်နေပေးတာက ပိုကောင်းတယ်လို့ထင်တယ် ´

အသက်ငယ်သလောက် ရင့်ကျက်သည့်အတွေးများရှိနေသော လင်းလက်ကို သက္ကရာဇ် ဂရုဏာသက်စွာ ကြည့်မိသည်။
လူကြီးတစ်ယောက်ရဲ့ မှားယွင်းသောအုပ်ထိန်းမှုကြောင့် ပျော်ရွှင်စွာဖြတ်သန်းရမဲ့ ကလေးဘဝကိုမရခဲ့ဘဲ လူတွေရဲ့ အရိပ်အကဲကို လိုက်ကြည့်နေရရှာသည် ။

' ကိုယ်အလုပ်ကပြန်လာတိုင်း သွားလည်လို့ ရတယ်လေ ။ ဟိုဘက်ဒီဘက် နီးနေတာပဲကို ´

'  ကျွန်တော့်အထင်လေ အမေတို့နဲ့အတူနေတာ ပိုကောင်းမယ် ´

' မင်းသဘော ။ ကိုယ်ကနောက်ကနေ လိုက်ဖြည့်ဆည်းပေးမယ် ´

ကောက သဘောတူပေမဲ့ ဒေါ်ရီရီဝင်းက သဘောမတူခဲ့ပေ။
နောက်ဆုံးမှာတော့ အိမ်ခွဲနေဖို့ ဖြစ်လာ၏ ။
ထိုနေ့မှာပဲ မင်္ဂလာဆောင်မည့်ရက်ကို သတ်မှတ်ကြသည်။

မင်္ဂလာရက်ကို အမြန်ဆုံးရွေးလိုက်ကြတာမို့ ဖိတ်မည့်လူများကိုပါ အလျှင်စလို စီမံရပြန်သည်။

' ကော ဖိတ်ချင်တဲ့သူတွေရှိသေးလား ´

' မရှိတော့ဘူး ။ မင်းရော ဖိတ်ချင်တဲ့သူရှိလား ´

ဖိတ်စာတွေလိုက်စီစစ်နေသော လင်းလက် ခဏတာတွေ​ေဝေသွားသည်။
အမေ့ဘက်ကဆွေမျိုးတွေကိုဖိတ်ချင်ပါသော်လည်း သူ့ကိုလက်ခံပါ့မလား ။
အဖေ့ကတောင် ရှောင်ရှားခဲ့ရတဲ့ သူတွေလေ ။ ဒါပေမဲ့ မင်္ဂလာယူတဲ့အချိန်မှာတော့ နှစ်ဖက်ဆွေမျိုးတွေရိှနေသင့်တယ်လို့ လင်းလက်ထင်၏ ။

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now