ပန်းလေးတစ်ပွင့်လိုပြုစုခံရသော လင်းလက်

502 51 7
                                    

အပိုင်း ( ၁၃ )

မြူနှင်းတို့ပျော်စံရာ ဆောင်းရာသီကို ရောက်ခဲ့လေပြီ။ ညလေပြေညှင်းတို့က တောင်ကုန်းလမ်းမှာ လမ်းလျှောက်နေသော လင်းလက် အနား တိုးဝင် တိုက်ခတ်လျက်ရှိသည်။

အိပ်မပျော်သည့် ည တွေမှာဆို ကိုကို့ရဲ့ မြေပုံဘေးသို့ လင်းလက်သွားလေ့ရှိသည်။
နှင်းဆီပန်းတွေဝေနေတဲ့ ကိုကို့ရဲ့ မြေပုံဘေးမှာ လင်းလက် ထိုင်ချလိုက်၏ ။
အရင်လိုဒိုင်ယာရီစာအုပ်ထဲ ခံစားချက်တို့ မရေးတော့ပဲ ကိုကို့ရဲ့ဘေးမှာ လင်းလက် ရင်ဖွင့်ဖြစ်ခဲ့သည်။

' ဘာလိုလိုနဲ့ ညီ့အသက်၂၂ရှိပြီ ကိုကို ၊
ဖေဖေကလေ အခုချိန်ထိ ညီလေးကို အမြင်မကြည်သေးဘူး ကိုကိုရယ် ။ ညီ ဘယ်လောက်ပဲ ကောင်းတာတွေလုပ်ပေးခဲ့ ပေးခဲ့ အဆိုးတွေကိုပဲ ဖေဖေက စောင့်ကြည့်နေတက်တယ် ။
အမှန်ဆိုရင် ဒီမြေပုံထဲမှာရှိနေသင့်သူက ညီပဲဖြစ်သင့်တယ် ကိုကို။ ဒါမှ လူတိုင်းပျော်ရွှင်ရမှာလေ ´

ဝေ့သီလာတဲ့ မျက်ရည်တို့ကို လင်းလက် သုတ်ပစ်ရင်း လပြည့်ည ရဲ့ လမင်းကြီးကို ငေးကြည့်လိုက်၏ ။ ခုနစ် ရက်တွေ ဘယ်လိုပဲပြောင်းပြောင်း လင်းလက်အတွက် တော့ သူအသက်ရှင်နေသည့် နေ့ရက်တိုင်းက နာကျင်စရာအပြည့်ဖြစ်နေခဲ့သည်။
ထိုအချိန်မှာ သူ့ရဲ့နောက်​ကျောဘက်ကနေ ခြေသံတစ်ချို့ကို လင်းလက်ကြားလိုက်ရသည်။

' နိုးနိုး ´

မြတ်နိုးအောင် က  လင်းလက် မသိအောင် တိတ်တိတ်လေးလာပေမဲ့ အရိပ်အကဲသိတက်လွန်းသည့် လင်းလက်က ကြိုသိနေခဲ့လေပြီ။

' ခြေသံလုံအောင်လာတာကို မင်းက သိဖြစ်အောင်သိသေးတယ်နော် ။ ဒီမှာမထိုင်ဖို့ ကိုယ်...ငါ ဘယ်လောက် ပြောပြော မင်း နားထဲရောဝင်ရဲ့လား ? ´

လွှတ်ခနဲ ကိုယ်လို့ ပြောပြီးမှ ငါဟူသော အသုံးကို မြတ်နိုးအောင်ပြောင်းသုံးလိုက်ရ၏ ။ သူနဲ့ လင်းလက် ကြားမှာ အမှားသေးသေးလေးတောင် မကျူးလွန်ဖို့ မြတ်နိုးအောင် သတိထားနေရသည်။
ဒါတွေဟာ လင်းလက်အပေါ်ထားတဲ့ သူ့ရဲ့မြတ်နိုးမှုတွေပါ ။

မြတ်နိုးအောင်က လက်ထဲမှာအသင့်ပါလာသော ခြုံစောင်ကို လင်းလက်ကိုယ်ပေါ်လွှမ်းတင်လိုက်၏ ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now