အချစ်ရဲ့နောက်မှာသဝန်တိုခြင်းတို့ကပ်ပါလာသည်

405 26 13
                                    

အပိုင်း ( ၃၁ )

' သား သေချာဆုံးဖြတ်ပြီးပြောတဲ့ အဖြေဆိုတာ သေချာလား ? ´

' သေချာတယ် မေမေ ´

ဇေယျာထူးဆီက ပြန်လာပြီး အိမ်ထဲဝင်ဝင်ခြင်း အမေရဲ့ စူးစမ်းမေးမြန်းခြင်းကို မြတ်နိုးအောင် ဖြေနေရသည်။
အမေက ဇေယျာထူးကို ချစ်လားဟု ခဏခဏမေးသည်။
မေးတိုင်း ချစ်တယ်ဟု မြတ်နိုးအောင် ဖြေခဲ့၏ ။

' သူနဲ့သားက အခြေအနေမတူတာကိုရော သတိထားမိရဲ့လား ။ အမေ အမှန်တိုင်းပြောရရင် သားကို လင်းလက်နဲ့ပဲသဘောတူတယ် ။ သားလည်း လင်းလက်ကို ချစ်နေတာပဲမဟုတ်လား ။ အခုမှ ဘာလို့ ဒီကောင်လေးကို ချစ်တယ်ဖြစ်ရပြန်တာလဲ...´

ဒေါ်မြလေးရဲ့စကားတွေထဲမှာ လင်းလက်နာမည်ပါလာသည့်အခါမှာတော့ မြတ်နိုးအောင်၏ မျက်နှာက သိသာစွာပျက်သွားသည်။
လင်းလက်အပေါ်ထားခဲ့တဲ့ သူ့ရဲ့ ခံစားချက်တွေကို အမေ သိနေခဲ့တာ ဘယ်လောက်
်တောင် ကြာခဲ့ပြီလဲ ။

မြတ်နိုးအောင် အလန့်တထိတ်နှင့် ဒေါ်မြလေးကို ကြည့်လိုက်သည်။ 
သားရဲ့အကြည့်တွေကို သူမ ခံစားနားလည်သည်။ ထို့ကြောင့် မြတ်နိုးအောင်ရဲ့ အကြည့်တွေကို ဒေါ်မြလေး စကားဖြင့် ဖြေလိုက်သည် ။

' လင်းလက် အပေါ်သားရဲ့ တမူထူးတဲ့ဆက်ဆံရေးအပြုအမူတွေကြည့်ပြီး အမေ ခံစားမိခဲ့တာ ´

မြတ်နိုးအောင် အသက်ကိုဝအောင် ရှုသွင်းလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ဒေါ်မြလေးကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

' လင်းလက်ကို သား မြတ်နိုးစွာချစ်ခဲ့တာမှန်တယ်အမေ ။ ဒါပေမဲ့ ဇေယျာထူးကိုလည်း သား ချစ်တယ် ။ ဘယ်လိုအကြောင်းအရာတွေကြောင့် သူ့ကိုချစ်မိမှန်းမသိပေမဲ့ သား သူနဲ့ခွဲခွာရမှာကို သေမလိုကြောက်နေမိတယ်  ´

' သူ့အဖေကရော သားနဲ့ သဘောတူမယ်ထင်လို့လား ။ ´

' သား ကြိုးစားကြည့်ချင်တယ် မေမေ ´

သား၏ အကြည့်များထဲမှာ တိကျပြတ်သားသည့် အရောင်များလျံထွက်နေ၏ ။
သားက သေချာနေမှတော့ သူမ တားလို့ ထူးမယ်မထင်တော့ပါ ။
ဘယ်လိုအကြောင်းအရာပဲရှိနေပါစေ သားကို ပ့ံပိုးနေရမှာ သူမ ရဲ့ တာဝန်မဟုတ်လား ။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now