အဖြေရှာရခက်လေသော

466 42 11
                                    

အပိုင်း ( ၁၁ )

ရှိုင်းလက် ရဲ့ နားခိုရာ တောင်တန်းလေးပေါ်မှာ မြူများက အုပ်မိှုင်းနေသည်။ ထင်းရှုးပင်များခြံရံထားသည့် မြေပုံမို့မို့လေး က တစ်ခုတည်း အထီးကျန်စွာ ရှိနေလေသည်။

မျက်လုံးတို့ ပွင့်လာသည်နှင့် တပြိုင်နက်  ရှိုင်းလက်ရဲ့ မြေပုံအနား ရောက်နေသည့် ဦးလင်းနောင် ။
သားလေးကို အထီးမကျန်စေချင်သည့် သူ့ရဲ့ စိတ်ကြောင့် မနက်မိုးလင်းသည်နှင့် ရှိုင်းလက် မြေပုံဘေးနားသို့ ဦးလင်းနောင်ရောက်လာခဲ့သည်။
သားငယ်ရဲ့ မြေပုံပေါ် ခေါင်းတင်မှေးစက်ရင်း
လောကကြီးကို ဦးလင်းနောင် စိတ်ကုန်နေခဲ့လေပြီ။

အခုလို ရှိုင်းလက်လေး ဖြစ်ရသည့်အကြောင်းအရင်း က သူ့အမှားနဲ့လည်း မကင်းပေ။
သူ့ရဲ့သားလေးကို အရိပ်တကြည့်ကြည့်စောင့်ကြည့်နေခဲ့လျှင် အခုလို အဖြစ်ဆိုးမျိုး ကြုံတွေခဲ့ရမည်မဟုတ်ပါချေ။
အဖြစ်အပျက်တို့က မြန်ဆန်သလိုဖြစ်နေပြီး မျက်မြင်ဖြစ်တဲ့ ဒေါ်ရီရီဝင်းရဲ့ မရေမရာစကားများက တရားခံရှာမရတဲ့ အမှုတွဲ တစ်ခုလို ဖြစ်နေသည့်အတွက် ဦးလင်းနောင် အောင့်သက်သက်နဲ့ လက်ခံခဲ့ရသည်။

တစ်ဖြည်းဖြည်းနဲ့ နေရဲ့ အလင်းရောင်က ဦးလင်းနောင်ရဲ့ မျက်နှာပေါ် အတားအဆီးမရှိကျရောက်လာ၏ ။ သားငယ်လေးရဲ့ ဘေးနားတွင် နှင်းဆီပန်းများ စိုက်ပျိုးဖို့ ဦးလင်းနောင် စီစဥ္ထားသည်။ ပန်းလေးတွေက သားလေးကို အဖော်ပြုစေဖို့အတွက်ပေါ့။
သားလေးရဲ့ မြေပုံကို နောက်ဆုံးအကြိမ်ပွတ်သက်လိုက်ပြီး အိမ်ကြိီးစီပြန်လာခဲ့သည်။

မနက်၅နာရီကတည်းက လင်းလက်ကျောင်းသွားဖို့အတွက် ဒေါ်ကြီး စီစဥ္နေသည်။
မြို့အပြင်က ခြံကိုပြောင်းလာသည့်အတွက် ၁၃မိုင်ကွာသည့် မြို့ထဲက ကျောင်းကို သွားဖို့ အချိန်လိုအပ်သည်။
ထို့ကြောင့် သူမ စောစီးစွာ ပြင်ဆင်ချက်ပြုတ်ရသည်။
ဒေါ်ကြီးရဲ့ ပြင်ဆင်မှုပြီးစိီးချိန် ၇နာရီ ထိုးခါနီး မှာ လင်းလက်က အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ အိမ်ပေါ်ထပ်မှဆင်းလာခဲ့သည်။

ထိုအချိန်မှာပဲ ဦးလင်းနောင်အိမ်ထဲဝင်လာခဲ့၏ ။ ကျောင်းသွားဖို့အတွက် ပြင်ဆင်နေကြသော လင်းလက်ကို မြင်လိုက်တဲ့အချိန်မှာ ဦးလင်းနောင်ရဲ့ လက်သည်ရှာနေသော ပေါက်ကွဲမှုစတင်လေသည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Where stories live. Discover now